သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းများကို အွန်လိုင်းမှဖွင့်လှစ်မည်

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကို အောက်တိုဘာလမှ စတင်ဖွင့်လှစ်သွားမယ်လို့ My Hope ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်းကျောင်းမှ သိရပါတယ်။

သင်တန်းမှာ သူနာပြုအကူတစ်ယောက်ရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ကျင့်ဝတ်တွေ၊ အခြေခံသူနာပြုစုမှုဆိုင်ရာ ပညာရပ်တွေ၊ ရောဂါပိုးမွှားတွေနဲ့ ၎င်းတို့ကြောင့်ဖြစ်ရတဲ့ ရောဂါတွေ၊ အခြေခံဆေးဝါးတွေ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာတွေ၊ လူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ၎င်းတို့ရဲ့လုပ်ဆောင်ချက်တွေ၊ ရှေးဦးသူနာပြုစုခြင်းနည်းလမ်းတွေ၊ အာဟာရဓာတ်တွေ၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း နည်းလမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းတွေ၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းတွေနဲ့ အကူသူနာပြုကောင်းတစ်ဦး ထားသင့်တဲ့ စိတ်နေစိတ်ထားကောင်းတွေ အပြင် သိသင့်သိထိုက်တဲ့ သူနာပြုစုမှုပညာရပ်တွေကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စေဖို့ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို အောက်တိုဘာ ၁ ရက်မှာ စတင်မှာဖြစ်ပြီး သူနာပြုအကူသင်တန်းအတွက် ပညာအရည်အချင်းအခြေခံပညာ (၈ တန်းမှဘွဲ့ရအထိ)၊ အသက် ၁၆ နှစ်မှ -၄၅ နှစ်အတွင်း၊ ဆေးဝါးကျွမ်းကျင်သင်တန်းအတွက် ပညာအရည်အချင်းအခြေခံပညာ(၁၀ တန်းမှ ဘွဲ့ရအထိ) အသက် ၁၆ နှစ်မှ -၄၅ နှစ်အတွင်း ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Zoom Application မှ သင်ကြားပေးမှာဖြစ်ပြီး အင်တာနက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ၊ Desktop , Laptop နဲ့ Tablet တွေနဲ့ သင်ကြားနိုင်မှာပါ။ သူနာပြုအကူသင်တန်းကြေးက ၃၅၀,၀၀၀ ကျပ် ဖြစ်ပြီး သင်တန်းကြာချိန် – ၂ လ ဖြစ်ပါတယ်။

ဆေးဝါးကျွမ်းကျင်သင်တန်းအတွက် သင်တန်းကြေး – ၁၈၀,၀၀၀ ကျပ် ဖြစ်ပြီး သင်တန်းကြာချိန် – ၂ လ ကြာမြင့်မှာပါ။ အသေးစိတ်ကို ဖုန်း – ၀၉၇၇ ၄၄၀ ၄၂၁၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««