သူငယ်ချင်းတွေနဲ့ ဗီဒီယိုကြည့်နိုင်မယ့် လုပ်ဆောင်ချက် Facebook Messenger ထည့်သွင်း

Facebook Messenger မှာ သူငယ်ချင်းတွေနဲ့အတူ ဗီဒီယိုကြည့်နိုင်မယ့် Watch Together လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ Facebook က Facebook Watch က ဗီဒီယိုအပြင် သူငယ်ချင်းရဲ့ live ဗီဒီယိုကိုလည်း တိုက်ရိုက်ကြည့်နိုင်အောင် Messenger ထဲမှာ လုပ်ဆောင်ချက်အသစ် Watch Together ကိုထည့်သွင်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတွက် iOS နဲ့ Android ပေါ်မှာ စတင်ဖြန့်ချိနေပါတယ်။

အဲဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ voice call ဒါမှမဟုတ် Messenger Room ကို swipe up လုပ်ပြီး Watch Together အသစ်ကို tap လုပ်လိုက်ရုံပါပဲ။ Facebook က ဗီဒီယိုကို ကြည့်ရှုဖို့ အကြံပေးသွားပြီး ကဏ္ဍအလိုက် ဒါမှမဟုတ် ဗီဒီယိုတစ်ခုချင်းကိုလည်း ရှာဖွေနိုင်ပါတယ်။ သုံးစွဲသူက Messenger video call မှာ လူ ၈ ယောက်နဲ့ အထက် ဒါမှမဟုတ် Messenger Room မှာ လူအယောက် ၅၀ အထိ ဗီဒီယိုတွေ အတူကြည့်နိုင်ပါတယ်။

တစ်ရက်မှာ Messenger ပေါ်မှာ video call အသုံးပြုသူ သန်း ၁၅၀ ရှိတယ်လို့ Facebook ကပြောထားပါတယ်။ လူတွေက နေ့စဉ် ဗီဒီယို သန်း ၂၀၀ ကို ပေးပို့နေပါတယ်။

စိုးထက်

Ref: TheVerge