သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း ရုပ်ရှင်အတူကြည့်နိုင်မယ့် Netflix Party အသုံးပြုနည်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဉ်တာနဲ့ သီးခြားခွဲနေထိုင်တဲ့အချိန် မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ Netflix Party အမည်ရ Google Chrome browser ကိုအသုံးပြုသင့်ပါတယ်။ သူငယ်ချင်းနဲ့ မိသားစုအဖွဲ့လိုက် တစ်ချိန်တည်း Netflix ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်ကို စကြည့်တာ၊ ခဏရပ်တန့်တာနဲ့ ပိတ်တာလည်း ပြုလုပ်နိုင်ပါတယ်။ အခု လုပ်ဆောင်ချက်က အရမ်းမရှုပ်ထွေးပါဘူး။ ဒါ့အပြင် Netflix Party ဘေးဘက်မှာ chat bar ပါဝင်တာကြောင့် သူငယ်ချင်း အချင်းချင်း စကားပြောနိုင်ပါသေးတယ်။

သင်နဲ့ သူငယ်ချင်းတွေ desktop ပေါ်မှာ ရုပ်ရှင်နဲ့ အစီအစဉ်တွေ ကြည့်နို်ငဖို့ Netflix Pary က ပေါင်းကူးဆောင်ရွက်ပေးနိုင်ပါတယ်။ အရေးအကြီးဆုံးက Netflix Pary ကိုအသုံးပြုမယ့် အဖွဲ့မှာပါဝင်မယ့် သူငယ်ချင်းအားလုံးမှာ Netflix account ရှိဖို့ လိုပါတယ်။

Google extension ကို download လုပ်ပါ

Netflix မှာရုပ်ရှင်အတူစုကြည့်ဖို့ လူတိုင်း Netflix ကို ကွန်ပျူတာမှာ ဝင်ထားရပါမယ်။ ပြီးရင်တော့ Netflix Partyextension ကို download ပြုလုပ်ပါ။

(၁) Google Chrome browser ကနေ netflixparty.com ကိုသွားပါ။

(၂) Get Netflix Party for free ကိုနှိပ်ပါ။

(၃) Google Chrome web store စာမျက်နှာကို ရောက်သွားရင် extension ကို download လုပ်ပါ။ Add to Chrome ကိုနှိပ်ပါ။

(၄) ပြီးရင် pop-up box ကိုဖွင့်ပါ။ Add Extension ကိုရွေးချယ်ပါ။ အခုဆိုရင် browser toolbar မှာ NP icon ကိုမြင်တွေ့ရမှာပါ။

သူငယ်ချင်းတွေနဲ့ ရုပ်ရှင်စတင်ကြည့်ခြင်း

အခုဆိုရင် extension ကို download လုပ်ပြီးပြီဆို သူငယ်ချင်းနဲ့ မိသားစုဝင်တွေနဲ့ အစီအစဉ်နဲ့ ရုပ်ရှင်တွေ ကြည့်နိုင်ပြီ ဖြစ်ပါတယ်။

(၁) Google Chrome browser မှာ tab အသစ်တစ်ခုကို ဖွင့်ပြီး Netflix ကို log in ဝင်ပါ။

(၂) ကြည့်လိုတဲ့ ရုပ်ရှင် ဒါမှမဟုတ် အစီအစဉ်တစ်ခုကို ရွေးချယ်ပါ။

(၃) NPP (Netflix Party) icon က မီးခိုးကနေ အနီကို ပြောင်းသွားတာ မြင်တွေ့ရပါမယ်။ အဲဒီအခါမှာ icon ကို နှိပ်ပြီး Start the party ကိုရွေးချယ်ပါ။ သင်ကိုယ်တိုင်က host ဖြစ်လာပြီး ကြည့်နေတဲ့အစီစဉ်ကို ရပ်တန့်တာ ဒါမှမဟုတ် ဆက်ဖွင့်တာ လုပ်နိုင်သလို တခြားသူတွေကိုလည်း ထိန်းချုပ်ခွင့်ပေးနိုင်ပါတယ်။

(၄) ပေါ်လာတဲ့ pop-up box က URL ကိုကူးယူပြီး အဖွဲ့ထဲပါဝင်မယ့်သူတွေဆီ ပေးပို့ပါ။

(၅) မျက်နှာပြင်ရဲ့ညာဘက်မှာ chatroom ပေါ်လာပါမယ်။ အဲဒီကနေ တစ်ယောက်ယောက် အဖွဲ့ကို ပူးပေါင်းတာကို တွေ့နိုင်ပါတယ်။

(၆) အခုဆိုရင် သင်က သူငယ်ချင်း၊ မိသားစုနဲ့ ရယ်မောပျော်ရွှင် ဝေမျှပြီး Netflix ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ပါပြီ။

စိုးထက်
Ref: CNET