သူငယ်ချင်းတွေကို အချိန်တစ်ခုအထိ unfollow လုပ်နိုင်မယ့် feature တစ်မျိုးကို Facebook စမ်းသပ်နေ

သူငယ်ချင်းတွေအပြင် page နဲ့ group တွေကို အချိန်အတိုင်းအတာတစ်ခုအတွင်း unfollow လုပ်နိုင်မယ့် Snooze feature ကို စမ်းသပ်နေတယ်လို့ Facebook က အတည်ပြုသွားခဲ့ပါတယ်။

အဲ့ဒီ feature ဟာ သူငယ်ချင်းတွေအပြင် page နဲ့ group တွေကို ၂၄ နာရီ၊ တစ်ပတ် ဒါမှမဟုတ် ရက် ၃၀ အထိ ရွေးချယ်ပြီး unfollow ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

တစ်စုံတစ်ယောက်ကို Snooze ပြုလုပ်မယ်ဆိုရင် ပြုလုပ်မယ့်သူရဲ့ post တစ်ခု ညာဘက်ထောင့်က icon ကိုနှိပ်ရပါမယ်။ ပြီးရင် “Unfollow or Snooze” option ကိုရွေးပြီး အချိန်အတိုင်းအတာတစ်ခုခုကို နှိပ်ရပါမယ်။

အဲဒီ feature ကို လက်ရှိမှာ သုံးစွဲသူအနည်းငယ်မှာပဲ စမ်းသပ်နေပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူအားလုံးဆီ ဖြန့်ချိဖွယ်ရှိပါတယ်။ ဘယ်အချိန်မှာ ဖြန့်ချိမယ်ဆိုတာကိုတော့ Facebook က မပြောကြားခဲ့ပါဘူး။

စိုးထက်
Ref: AndroidAuthority