သုံးလအတွင်း COVID-19 ခံစားရသူ ငါးဦးမှာ တစ်ဦး စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေ

ပြီးခဲ့တဲ့လအတွင်း covid-19 ရောဂါ ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ အကြားက ဆက်စပ်တဲ့ အရေအတွက် တိုးတက်လာပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ အခုဆိုရင်စစ်တမ်း တစ်ခုလည်းထွက်လာပါတယ်။

လန်ဆက်စိတ်ရောဂါကုသမှု ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စစ်တမ်းအသစ်အရ သုံးလအတွင်း covid-19 ရောဂါခံစားခဲ့ရသူ ငါးဦးမှာ တစ်ဦးဟာ စိတ်ရောဂါလည်း ရှိတယ်လို့ သိရပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ NIHR အောက်စဖို့ဒ်ဇီဝဆေးဝါး သုတေသနစင်တာက အမေရိကန်က လူနာ သန်း ၇၀ အချက်အလက်ကို ကောက်ယူခဲ့ပါတယ်။ ဒါ့အပြင် covid-19 ဖြစ်ပွားပေမယ့် ဆေးရုံတက်စရာ မလိုတဲ့ ၂၀၂၀ ဇန်နဝါရီ ၂၀ ကနေ ဧပြီလ ၁ ရက်နေ့အတွင်း ရောဂါဖြစ်ပွားခဲ့သူ ၆၂,၃၅၄ အချက်အလက်ကိုလည်း ရယူခဲ့ပါတယ်။ စစ်တမ်းမှာ တွေ့ရှိခဲ့ရတာက covid-19 ဖြစ်ပွားအပြီး ၁၄ ရက်ကနေ ရက် ၉၀ အတွင်း စိတ်ကျန်းမာရေးပြဿနာရှိသူ ၁၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာတက်ကြွလွန်မှု၊ ဘိုင်ပိုလာ၊ စိတ်ကျရောဂါ ဒါမှမဟုတ် စကစ်ဇိုဖရီနီးယား စိတ်ကျန်းမာရေး အစောပိုင်းလက္ခဏာရှိသူ ၆၅ ရာခိုင်နှုန်း အထိ ရှိနိုင်ပါတယ်။

-စိုးထက်
Ref: TechnologyReview

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««