သုံးစွဲသူ အချက်အလက်ပေါက်ကြားမှုအပေါ် Wattpad စုံစမ်းစစ်ဆေးနေ

တိုရွန်တိုမြို့အခြေစိုက် Wattpad ကုမ္ပဏီက သုံးစွဲသူအချက်အလက် အများအပြားပေါက်ကြားတာကြောင့် စုံစမ်းစစ်ဆေးနေတာကို အတည်ပြုလိုက်ပါတယ်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီနဲ့ အွန်လိုင်းဖိုရမ်က ရင်းမြစ်တွေ က Wattpad အချက်အလက်ပေါက်ကြားမှု အကြောင်းဖော်ပြပြီးတဲ့နောက် ကုမ္ပဏီအတည်ပြုတာဖြစ်တယ်။

Wattpad ရဲ့ ဇူလိုင် ၁၄ရက် ထုတ်ပြန်ချက်မှာ သုံးစွဲသူတစ်ချို့ အခွင့်မရှိဘဲ အများပြည်သူ အချက်အလက်တွေ သုံးစွဲနေတယ်ဆိုတဲ့ အစီရင်ခံစာကို သတိပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂျော်ဂျီယာပြည်နယ် အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Cyble က Wattpad အချက်အလက်ပေါက်ကြားမှုကို ဇူလိုင်လ ပထမအပတ်မှာ ခြေရာခံမိခဲ့ပါတတယ်။ Wattpad ပေါ်က သုံးစွဲသူအချက်အလက် သန်း ၂၇၀ကို bitcoin ၁၀ခု ဒါမှမဟုတ် ဒေါ်လာ ၁၀၀,၀၀၀နဲ့ ရောင်းချခဲ့ပါတယ်။ နောက်ပိုင်း Wattpad အချက်အလက်ကို အခမဲ့တင်ထားပါတယ်။

Cyble အနေနဲ့ ဟက်ကာဖိုရမ် post တွေစစ်ဆေးပြီး သိရသလောက် သုံးစွဲသူ ၂၇၁သန်း အချက်အလက်တွေထဲမှာ login အချက်အလက်၊ နာမည်အပြည့်အစုံ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ မွေးနေ့တို့ပါဝင်တယ်။ Wattpad အချက်အလက်ပေါက်ကြားမှုက ၂၀၂၀ ဇွန်လမှာ ဖြစ်ပွားခဲ့တယ်လို့ အွန်လိုင်း ဟက်ကာဖိုရမ်က post နဲ့ သတင်းရင်းမြစ်အခြေခံပြီး Cyble ကပြောခဲ့ပါတယ်။ အဲဒီကာလမှာ ပေါက်ကြားထွက်ပေါ်တဲ့ သုံးစွဲသူ account စာရင်းရှိတယ်လို့ Cyble ကအတည်ပြုထားပါတယ်။

-စိုးထက်
Ref: Betakit