သုံးစွဲသူ တစ်နှစ်တာ ဗီဒီယိုတွေကို ပြန်ပြပေးမယ့် TikTok လုပ်ဆောင်ချက်

၂၀၂၀ ကုန်ဆုံးခါနီးမှာ Apple Music, YouTube Music, Tidal နဲ့ Spotify ကတော့ သုံးစွဲသူတွေ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးမလဲဆိုတာကို ပြပေးနေပါတယ်။ TikTok ကတော့ ၂၀၂၀ လည်ပြန်ကြည့်နိုင်မယ့် Year on TikTok လုပ်ဆောင်ချက် အသစ်ဖြန့်ချိလိုက်ပါတယ်။

Year on TikTok ကတော့ TikTok နောက်ဆုံးဗားရှင်းမှာ ပါဝင်လာပါတယ်။ Discover စာမျက်နှာ ဒါမှမဟုတ် For You feed ပေါ်က Year on TikTok နှိပ်ပြီး ကြည့်နိုင်ပါတယ်။Year on TikTok ထဲမှာ အများဆုံးဖွင့်တဲ့ သီချင်း၊ စိတ်ကြိုက် creative effects အပြင် အကြိုက်ဆုံး content အခြေခံအရာတွေလည်း ပြပေးပါမယ်။ ၂၀၂၀ ခုနှစ်အတွင်း app ပေါ်က ထိပ်တန်း ဗီဒီယိုတစ်ချို့လည်း ပြသပေးပါမယ်။

ကပ်ရောဂါဖြစ်ပွားစ အစောပိုင်းကာလမှာ တစ်ကမ္ဘာလုံးအတွင်း TikTok ကို download ပြုလုပ်မှု ၂ ဘီလျံကျော်ရှိပါတယ်။

TikTok ကတော့ ဒီဇင်ဘာလအတွင်း ၂၀၂၀ ထိပ်တန်း ၁၀၀ ဗီဒီယိုတွေ၊ ဖန်တီးသူနဲ့ ရေပန်းစားတဲ့လမ်းကြောင်းတွေ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ ချာလီဒီမမ်လီယို၊ တာဘီသာဘရောင်းနဲ့ နိုအာဘတ်တို့ ပါဝင်လာပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««