သုံးစွဲသူအသစ်တွေအတွက် တည်နေရာနဲ့ ရှာဖွေမှုတွေကို Google ဖျက်ပေးမယ်

Google ဟာသုံးစွဲသူတွေအပေါ် ကျင့်သုံးမယ့် အချက်အလက်ကိုင်တွယ်မှုစည်းမျဉ်းကို အပြောင်းအလဲလုပ်ခဲ့တယ်။ ကုမ္ပဏီအနေနဲ့ အချက်အလက်တွေကို အလိုအလျောက်ဖျက်ပေးမယ့် သိသိသာသာအပြောင်းအလဲတစ်ခုကိုလည်း ထည့်သွင်းခဲ့တယ်။

Google စီအီးအို ဆန်းဒါးပီချိုင်းက တစ်ကိုယ်ရေအချက်အလက်လုံခြုံမှု၊ လုံခြုံရေးနဲ့ သုံးစွဲသူအခွင့်အရေးကို အသားပေးဖို့ လုပ်ဆောင်သွားမယ်လို့ အပြောင်းအလဲကို blog post မှာကြေညာခဲ့တယ်။Google ရဲ့အလိုအလျောက်ဖျက်ပေးမယ့် feature က ရှာဖွေမှု history (ဝက်ဘ်ဆိုက် ဒါမှမဟုတ် app အတွင်းမှာ)၊ တည်နေရာ history နဲ့ Google Home လိုမျိုးထုတ်ကုန် ဒါမှမဟုတ်ဘဲ Google Assistant ကတစ်ဆင့် ယူထားတဲ့ voice command တွေအပေါ် ကျင့်သုံးပါမယ်။ Google ရဲ့ My Activity စာမျက်နှာမှာ အချက်အလက်ကို ဖော်ပြထားပါတယ်။ အဲဒီမှာ သုံးစွဲသူက စုစည်းထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး ဖျက်နိုင်ပါတယ်။

Google ဟာအရင်က အချက်အလက်တွေကို အကန့်အသတ်မရှိ ရယူထားပါတယ်။ ၂၀၁၉ အတွင်း သုံးလ ဒါမှမဟုတ် ၁၈ လ ကြာမြင့်သွားတဲ့ အချက်အလက်တွေကို အလိုအလျောက်ဖျက်ပေးမယ့် နည်းလမ်းတစ်ရပ်ကို Google ကဖြန့်ချိခဲ့တယ်။

-စိုးထက်
Ref: TheVerge