သုံးစွဲသူအသစ်တွေရဲ့ အသက်ကို မေးမြန်းသွားမယ့် Instagram

Instagram ဟာ လူငယ်သုံးစွဲသူတွေကို ကာကွယ်ပေးဖို့ သုံးစွဲသူ အသစ်တွေဆီက အသက်အရွယ်ကို မေးမြန်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Instagarm က အသက် ၁၃ နှစ်နဲ့အထက် သုံးစွဲသူတွေကို sign up ပြုလုပ်ခွင့်ပေးသွားပါမယ်။ သုံးစွဲသူတွေက မွေးရက် အတိအကျကို ဖြေကြားဖို့ မလိုဘူးလို့ သိရပါတယ်။

Instagram မှာ နာမည်အစစ်တွေ သုံးစွဲစရာမလိုဘဲ လျှို့ဝှက်သုံးစွဲမှုကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အခြားဝန်ဆောင်မှုတွေလိုပဲ သုံးစွဲသူက အသက်ကို လိမ်လည်ပြီး အသုံးပြုနိုင်ပါသေးတယ်။

“အခုတောင်းဆိုတဲ့ သတင်းအချက်အလက်က အသက်မပြည့်သေးသူတွေ Instagram ကိုအသုံးပြုတာကို ကာကွယ်တားဆီးနိုင်ပါတယ်။ ဒါ့အပြင် လူငယ်တွေ လုံခြုံစေပြီး အသက်နဲ့သင့်တော်မယ့် အတွေ့အကြုံကို ခံစားနိုင်ရစေမှာ ဖြစ်တယ်” လို့ Instagram ကရေးသားခဲ့ပါတယ်။

Instagram အနေနဲ့ privacy settings များစွာအတွက် လူငယ်တွေကို အကြံပြုရွေးချယ်ဖို့ အသက်နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်ကို အသုံးပြုသွားပါမယ်။ ဒါကြောင့် သုံးစွဲသူက follow လုပ်ထားတဲ့ message request တွေကိုခွင့်ပြုတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ကလေးတွေရဲ့ အသက်ကို မစစ်ဆေးမှုအတွက် Instagram ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကလေးတွေအနေနဲ့ မသင့်တော်တဲ့ content ကိုမြင်တွေ့နိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အချက်အလက်ကိုလည်း Instagram ကစုဆောင်းနိုင်ပါတယ်။

စိုးထက်
Ref: CNN