သုံးစွဲသူအချက်အလက်တချို့ ပေါက်ကြားထွက်ပေါ်လာတဲ့ Zoom

Zoom ဆီကနေ အီးမေးလ်လိပ်စာ၊ သုံးစွဲသူဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပြီး တချို့သုံးစွဲသူတွေက လူစိမ်းတွေနဲ့ ဗီဒီယိုခေါ်ဆိုနိုင်ပါတယ်။ Zoom app ကိုင်တွယ်တဲ့ contact တွေကို အဖွဲ့အစည်း တစ်ခုတည်းက လုပ်ကိုင်နေတာကြောင့် ဖြစ်တယ်လို့ Vice ကဖော်ပြခဲ့ပါတယ်။

Zoom မှာ“Company Directory” ထဲမှာ အီးမေးလ် domain တစ်ခုတည်းနဲ့ contact တွေကို စုပေးပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ဓာတ်ပုံ၊ အီးမေးလ်ကို ကြည့်ပြီး လူတစ်ဦးချင်းကို ရှာဖွေပြီး အဲဒီလူနဲ့ ဗီဒီယိုခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Zoom က တစ်ကိုယ်ရေသုံးအီးမေးလ်နဲ့ ဝန်ဆောင်မှုကို sign up လုပ်တဲ့လူတွေကိုလည်း စုစည်းပေးနိုင်ပါတယ်။ ဒါကြောင့် Company Directory ထဲက domain ထဲမှာ လူတွေရဲ့ တစ်ကိုယ်ရေ ဓာတ်ပုံနဲ့ အီးမေးလ်လိပ်စာတွေကိုလည်း မြင်တွေ့နိုင်ပြီး အထူးသဖြင့် လုပ်ဖော်ကိုင်ဖက် မဟုတ်သူတွေရဲ့ အချက်အလက်ကို မြင်နိုင်ပါတယ်။

အခုအားနည်းချက်က domain ဘယ်လောက်ပျံ့နှံ့နေလဲဆိုတာ မသိရသေးပါဘူး။ ထိခိုနစ်နာတဲ့ သုံးစွဲသူတစ်ဦးက Company Directory အတွင်း account ၉၉၅ ခုကို screenshot နဲ့ Vice ကိုဝေမျှခဲ့ပါတယ်။ သူ့အနေနဲ့ ဒတ်ချ် ISP က အီးမေးလ် donail အားလုံးဖြစ်တဲ့ xs4all.nl, dds.nl နဲ့ quicknet.nl မှာ အခုအားနည်းချက် ကြုံတွေ့ခဲ့ရပါတယ်။ Zoom အနေနဲ့ အဲဒီ domain အားလုံးကို အမည်ပျက်စာရင်းသွင်းသွားမယ်လို့ Vice ကို ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge