သုံးစွဲသူတွေရဲ့ မျက်နှာကို Facebook ခြေရာခံတော့မည် မဟုတ်

Facebook ဟာ ဓာတ်ပုံတွေမှာ facial recognition ကို default အဖြစ် ထည့်သွင်းထားပါတယ်။ Face Recognition privacy setting ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ပထမဆုံးမိတ်ဆက်ခဲ့ပါတယ်။
Face Recognition ကိုဖွင့်လိုက်ရင် Facebook က သုံးစွဲသူတစ်ဦး ပါဝင်တဲ့ ဓာတ်ပုံကိုတင်ရင် သတိပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူက အဲဒီပုံမှာ tag လုပ်နိုင်သလို report လည်းလုပ်နိုင်ပါတယ်။ လာမယ့်အပတ်အတွင်း အခု feature ကို အပြီးသတ်ဖြန့်ချိမှာ ဖြစ်ပါတယ်။

တကယ်လို့ Face Recognition setting မရှိသေးသူတွေအတွက် News Feed ကနေသတိပေးသွားမှာ ဖြစ်ပြီး သတိပေးချက်ကနေ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ တကယ်လို့ သတိပေးချက်ကို မမြင်ဘူးဆိုရင် Face Recognition ပွင့်လာမှာ မဟုတ်ပါဘူး။ သုံးစွဲသူသစ်တွေက face recognition ကိုရရှိမှာ မဟုတ်ဘူးလို့ Facebook ကပြောခဲ့ပါတယ်။ အခု option သစ်ကတော့ settings menu ထဲမှာ ပါဝင်လာမှာပါ။

Face Recognition က Tag Suggestions နေရာ အစားဝင်သွားမှာ ဖြစ်ပါတယ်။ Face Recognition setting က Tag Suggestions ကိုတိုးချဲ့ထားတဲ့ feature ဖြစ်ပြီး Facebook ကို ဓာတ်ပုံတွေတင်တဲ့အခါမှာ ပိုမိုရှင်းလင်းတဲ့ feature ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge