သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေဗီဒီယိုကို သူစိမ်းတွေဆီ Google Photos မှားယွင်းပေးပို့

သုံးစွဲသူတွေရဲ့ ဗီဒီယိုတွေ သူစိမ်းတွေဆီ ရောက်ရှိသွားတာနဲ့ပတ်သက်ပြီး တောင်းပန်သွားခဲ့ပါတယ်။

၂၀၁၉ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၅ ရက်အကြား Google Photos မှာသိမ်းဆည်းထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူတချို့ export ပြုလုပ်ခဲ့ရာမှာ သူစိမ်းတွေဆီ မတော်တဆရောက်ရှိသွားပါတယ်။ အချက်အလက်တွေကို download ပြုလုပ်ခွင့်ပေးထားတဲ့ Google Takeout အမည်ရ ဝန်ဆောင်မှုအပေါ် ထိခိုက်ခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဖြစ်ပေါ်သွားတဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ နောက်ထပ် မဖြစ်ပေါ်အောင် တားဆီးဖို့ လေ့လာဆန်းစစ်မှု သေချာပြုလုပ်ခဲ့ပါတယ်။ အခု အဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး” လို့ Google က ပြောခဲ့ပါတယ်။ အခု ပေါက်ကြားမှုမှာ ဓာတ်ပုံတွေ မပါဝင်ပါဘူး။ အချက်အလက်ကို export လုပ်ဖို့ကြိုးစားတဲ့ သုံးစွဲသူ ၀.၀၁ ရာခိုင်နှုန်းနီးပါးပဲ သက်ရောက်ခဲ့ပါတယ်။Google အနေနဲ့ အချက်အလက် ပေါက်ကြားမှုမှာ ပါဝင်တဲ့ သုံးစွဲသူတွေဆီ အီးမေးလ်ပေးပို့ထားပါတယ်။

-စိုးထက်
Ref: MITTechnologyReview