သုံးစွဲသူကိုယ်တိုင် ဇာတ်ကောင်အဖြစ် ပါဝင်နိုင်မယ့် Snapchat ရဲ့ Bitmoji တီဗီစီးရီး

Snapchat ရဲ့ Bitmoji ကိုစတစ်တာ၊ ဂိမ်းနဲ့ Story အပြင်အခြားကဏ္ဍမှာလည်း အသုံးချတော့မှာ ဖြစ်ပါတယ်။ Snap ဟာ Discover အတွက် Bitmoji တီဗီစီးရီးကိုတွေကို အကြိုပြသခဲ့ပြီး အဲဒီစီးရီးတွေမှာ သုံးစွဲသူနဲ့ သူငယ်ချင်းတွေက ခေါင်းဆောင်နေရာကနေ ပါဝင်နိုင်ပါတယ်။ စီးရီးတွေထဲမှာ အေးဂျင့် mission တွေနဲ့ ဇွန်ဘီတွေနဲ့ Star Trek စတိုင်အာကာသယာဉ်စတဲ့ ပျော်စရာအစီအစဉ်တွေပါဝင်လာပါတယ်။ စီးရီးတွေကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှပဲ စတင်ထုတ်လွှင့်မှာ ဖြစ်တယ်။ အစောဆုံးစမ်းသပ်လိုရင် ကြိုတင်စာရင်းပေးဖို့ လိုအပ်ပါတယ်။

Snap အနေနဲ့ စီးရီးအသေးစိတ်အချက်အလက်တွေကို မဖော်ပြခဲ့ပါတယ်။ မကြာခင်မှာ ထွက်ရှိမယ်လို့ပဲ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။

Bitmoji တွေက Discover ကဏ္ဍကို တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။ Discover မှာအားကစား၊ သတင်းနဲ့ အခြား content တွေများစွာ ပါဝင်ပေမယ့် မူရင်း content တွေများစွာ မရှိပါဘူး။ Bitmoji TV ကတော့ Discover ကိုလူများစွာ လာရောက်စေမယ့် အကြောင်းအရင်းဖြစ်နိုင်ပါတယ်။

-စိုးထက်
Ref: Engadget