သုံးစြဲသူေတြရဲ႕ ဖုန္းေခၚဆိုမႈေတြကုိ iPhone က ခိုးနားေထာင္ျခင္းမရိွေၾကာင္း Apple ေျပာၾကား

iPhone ေတြဟာ သုံးစြဲသူေတြရဲဲ႕ စကားေျပာဆုိမႈေတြကို ခိုးနားေထာင္ျခင္းမရိွသလုိ third-party app developer ေတြအေနနဲ႔ အသံပိုင္းဆိုင္ရာအခ်က္အလက္ေတြကုိ အသုံးျပဳခြင့္မရွိဘူးလို႔ Apple ရဲ႕ ဖက္ဒရယ္ဥပေဒေရးဆြဲသူေတြဆီ ေပးပို႔တဲ့စာမွာ ေရးသားထားပါတယ္။

“iPhone အေနနဲ႔ ‘Hey Siri’ ဆိုတဲ့ အသံမၾကားရမခ်င္း သုံးစြဲသူေျပာတာကို နားမေထာင္ပါဘူး။ သုံးစြဲသူက ကၽြန္ေတာ္တို႔ ထုတ္ကုန္မဟုတ္ပါဘူး။ ေၾကာ္ျငာရွင္ေတြဆီကို ေဈးကြက္ရွာေဖြဖို႔ သုံးစြဲသူေတြအေပၚ ပစ္မွတ္ထားဖုိ႔အတြက္ တစ္ကုိယ္ေရ သတင္းအခ်က္အလက္ေတြ အမ်ားအျပား စုစည္းမႈအေပၚ ကၽြန္ေတာ္တို႔ လုပ္ငန္းကို အမွီမျပဳထားပါဘူး” လို႔ Apple ရဲ႕ ဖက္ဒရယ္အစိုးရကိစၥဒါ႐ိုက္တာ တင္မိုသီေပါင္ဒါလီေျပာခဲ့ပါတယ္။

Apple ဟာ စြမ္းအင္နဲ႔ ကုန္သြယ္ေရးေကာ္မတီက စုံစမ္းစစ္ေဆးမႈျပဳလုပ္တာနဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ကုိ ထုတ္ျပန္ခဲ့ပါတယ္။ စြမ္းအင္နဲ႔ ကုန္သြယ္ေရးေကာ္မတီက ဇူလိုင္လအတြင္းမွာ Apple အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ကြတ္၊ Google မိခင္ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ လယ္ရီေပ့ခ်္တို႔ဆီ စာေပးပုိ႔ၿပီး စမတ္ဖုနး္အခ်က္အလက္ စုစည္းတဲ့နည္းလမ္း အေသးစိတ္ကုိ ေမးျမန္ခဲ့ပါတယ္။ Alphabet အေနနဲ႔ ေကာ္မတီကို ဘယ္လိုေျဖၾကားခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

သုံးစြဲသူေတြက “Hey Siri” ဒါမွမဟုတ္ “OK, Google”နဲ႔ voice assistant ေတြကို အသုံးမျပဳဘဲနဲ႔ စမတ္ဖုန္းေတြက အနီးအနားမွာရိွတဲ့ စကားေျပာဆုိမႈ အခ်က္အလက္ေတြကုိ စုစည္းႏိုင္တာနဲ႔ ပတ္သက္ၿပီး ေကာ္မတီက စိုးရိမ္ပူပန္ေနပါတယ္။

ေကာ္မတီက ေပးပုိ႔တဲ့စာေတြထဲမွာ iPhone နဲ႔ Android ထုတ္ကုန္ေတြက အသံနဲ႔ တည္ေနရာအခ်က္အလက္ေတြကုိ ဘယ္လိုစုစည္းသလဲဆိုတဲ့ အခ်က္အလက္ကုိ ေဖာ္ျပဖို႔ ေတာင္းဆိုထားပါတယ္။ ဒါ့အျပင္ သုံးစြဲသူေတြရဲ႕ထုတ္ကုန္ေတြဆီက အခ်က္အလက္စုစည္းမႈမွာ developer ေတြကုိ Apple နဲ႔ Google က ဘယ္ေလာက္ကန္႔သတ္ထားသလဲဆိုတဲ့ သတင္းအခ်က္အလက္ပါ ေတာင္းခံထားပါတယ္။

Apple ရဲ႕တုံ႔ျပန္မႈမွာေတာ့ တစ္စုံတစ္ေယာက္ရဲ႕ ေတာင္းဆိုမႈကို Siri က နားေထာင္တဲ့အခါမွာ iPhone က visual alert ျပသေပးတယ္လို႔ ကုမၸဏီကေျပာခဲ့ပါတယ္။ Developer ေတြရဲ႕ app က မိုက္ခ႐ိုဖုန္းကတစ္ဆင့္ အသံေတြကုိရယူတဲ့အခ်ိန္မွာ visual indicator တစ္ခုခုနဲ႔ ျပသေပးဖို႔ လမ္းညႊန္ထားပါတယ္။ သုံးစြဲသူေတြအေနနဲ႔ မိုက္ခ႐ိုဖုနး္ကုိ အသုံးျပဳႏိုင္ဖို႔ ခြင့္ျပဳေပးရၿပီး Settings ထဲမွာ ခြင့္ျပဳမႈကို ျပန္လည္႐ုတ္သိမ္းႏိုင္ပါတယ္။

စိုးထက္
Ref: CNNMoney

[ Unicode ]

iPhone တွေဟာ သုံးစွဲသူတွေရဲဲ့ စကားပြောဆိုမှုတွေကို ခိုးနားထောင်ခြင်းမရှိသလို third-party app developer တွေအနေနဲ့ အသံပိုင်းဆိုင်ရာအချက်အလက်တွေကို အသုံးပြုခွင့်မရှိဘူးလို့ Apple ရဲ့ ဖက်ဒရယ်ဥပဒေရေးဆွဲသူတွေဆီ ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

“iPhone အနေနဲ့ ‘Hey Siri’ ဆိုတဲ့ အသံမကြားရမချင်း သုံးစွဲသူပြောတာကို နားမထောင်ပါဘူး။ သုံးစွဲသူက ကျွန်တော်တို့ ထုတ်ကုန်မဟုတ်ပါဘူး။ ကြော်ငြာရှင်တွေဆီကို ဈေးကွက်ရှာဖွေဖို့ သုံးစွဲသူတွေအပေါ် ပစ်မှတ်ထားဖို့အတွက် တစ်ကိုယ်ရေ သတင်းအချက်အလက်တွေ အများအပြား စုစည်းမှုအပေါ် ကျွန်တော်တို့ လုပ်ငန်းကို အမှီမပြုထားပါဘူး” လို့ Apple ရဲ့ ဖက်ဒရယ်အစိုးရကိစ္စဒါရိုက်တာ တင်မိုသီပေါင်ဒါလီပြောခဲ့ပါတယ်။

Apple ဟာ စွမ်းအင်နဲ့ ကုန်သွယ်ရေးကော်မတီက စုံစမ်းစစ်ဆေးမှုပြုလုပ်တာနဲ့ ပတ်သက်ပြီး ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ စွမ်းအင်နဲ့ ကုန်သွယ်ရေးကော်မတီက ဇူလိုင်လအတွင်းမှာ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်၊ Google မိခင်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် လယ်ရီပေ့ချ်တို့ဆီ စာပေးပို့ပြီး စမတ်ဖုနး်အချက်အလက် စုစည်းတဲ့နည်းလမ်း အသေးစိတ်ကို မေးမြန်ခဲ့ပါတယ်။ Alphabet အနေနဲ့ ကော်မတီကို ဘယ်လိုဖြေကြားခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

သုံးစွဲသူတွေက “Hey Siri” ဒါမှမဟုတ် “OK, Google”နဲ့ voice assistant တွေကို အသုံးမပြုဘဲနဲ့ စမတ်ဖုန်းတွေက အနီးအနားမှာရှိတဲ့ စကားပြောဆိုမှု အချက်အလက်တွေကို စုစည်းနိုင်တာနဲ့ ပတ်သက်ပြီး ကော်မတီက စိုးရိမ်ပူပန်နေပါတယ်။

ကော်မတီက ပေးပို့တဲ့စာတွေထဲမှာ iPhone နဲ့ Android ထုတ်ကုန်တွေက အသံနဲ့ တည်နေရာအချက်အလက်တွေကို ဘယ်လိုစုစည်းသလဲဆိုတဲ့ အချက်အလက်ကို ဖော်ပြဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ထုတ်ကုန်တွေဆီက အချက်အလက်စုစည်းမှုမှာ developer တွေကို Apple နဲ့ Google က ဘယ်လောက်ကန့်သတ်ထားသလဲဆိုတဲ့ သတင်းအချက်အလက်ပါ တောင်းခံထားပါတယ်။

Apple ရဲ့တုံ့ပြန်မှုမှာတော့ တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကို Siri က နားထောင်တဲ့အခါမှာ iPhone က visual alert ပြသပေးတယ်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ Developer တွေရဲ့ app က မိုက်ခရိုဖုန်းကတစ်ဆင့် အသံတွေကိုရယူတဲ့အချိန်မှာ visual indicator တစ်ခုခုနဲ့ ပြသပေးဖို့ လမ်းညွှန်ထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိုက်ခရိုဖုနး်ကို အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးရပြီး Settings ထဲမှာ ခွင့်ပြုမှုကို ပြန်လည်ရုတ်သိမ်းနိုင်ပါတယ်။

Ref: CNNMoney