သုံးစွဲသူအားလုံးအတွက် two-factor authentication ကို ထောက်ပံ့ပေးလိုက်တဲ့ Reddit

Reddit ဟာ beta သုံးစွဲသူတွေအပြင် moderator တွေနဲ့ third-party app developer တွေမှာ လပေါင်းများစွာ စမ်းသပ်ခဲ့တဲ့ two-factor authentication (2FA) ကို အားလုံးအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ Reddit ရဲ့ 2FA မှာ password ထည့်သွင်းပြီးတဲ့နောက် ဖုန်းကထုတ်လုပ်ပေးတဲ့ ဂဏန်းခြောက်လုံးပါ verification code ထည့်သွင်းရတဲ့ လုံခြုံရေး ဒုတိယအလွှာတစ်ခုကို ထည့်သွင်းခဲ့ပါတယ်။ Reddit ရဲ့လုံခြုံရေး tool ကို desktop, mobile, third-party app တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Google Authenticator, Authy ဒါမှမဟုတ် Time-based One-Time Password (TOTP) protocol ထောက်ပံ့မှုပါဝင်တဲ့ authenticator app တစ်ခုလိုအပ်ပါတယ်။

2FA ကိုအသုံးပြုဖို့အတွက် Reddit account ကို log in ဝင်ပြီး ထိပ်ဘက် menu မှာရှိတဲ့ preferences ကို နှိပ်ရပါမယ်။ ပြီးရင် password/email ကိုရွေးချယ်ပြီး two-factor authentication ကို enable ပြုလုပ်ရပါမယ်။ ပြီးတော့ set-up အပြည့်အစုံပြုလုပ်ဖို့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။

တစ်စုံတစ်ယောက်က သုံးစွဲသူ account ရဲ့ password ရသွားတဲ့အခါမှာ log in ဝင်လို့မရအောင် 2FA လုံခြုံရေး အစီအမံတွေက အထောက်အပံ့ပေးပါတယ်။ Reddit ရဲ့ 2FA လုံခြုံရေးဟာ backup code ၁၀ လုံး အထိ ထုတ်ပေးနိုင်တဲ့အတွက် authenticator app ပြဿနာဖြစ်ပေါ်တဲ့အခါ ဒါမှမဟုတ် ဖုန်းပျောက်သွားပေမယ့် account ကို ဆက်လက် အသုံးပြုနိုင်ဦးမှာပါ။ အဲဒီ code တွေကို Reddit အနေနဲ့ SMS ပေးပို့မှာ မဟုတ်သလို hardware token တွေအတွက် ထောက်ပံ့မှုလည်း မရှိပါဘူး။

စိုးထက်
Ref: TheVerge