သုတေသနစာတမ်းနှင့် သုတေသနပိုစတာများ တင်သွင်းရန် ဖိတ်ခေါ်

သုတေသနစာတမ်းနှင့် သုတေသနပိုစတာများ တင်သွင်းရန် ပါမောက္ခချုပ်များကော်မတီက ဖိတ်ခေါ်လိုက်ပါတယ်။

တတိယအကြိမ် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသန ညီလာခံ ၂၀၂၁ ကို မေလ နောက်ဆုံးရက်သတ္တပတ်မှာ ရန်ကုန်တက္ကသိုလ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ ညီလာခံအတွက် သုတေသနစာတမ်းနှင့် သုတေသန ပိုစတာများတင်သွင်းရန် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သုတေသီများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အနေနဲ့ သုတေသနစာတမ်း၊ သုတေသန ပိုစတာများ ညီလာခံသို့ တင်သွင်းလိုပါက http://www.nepc.edu.mm/murc2021/ မှတစ်ဆင့် တင်သွင်းရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««