သီချင်းတွေ အတူတကွ ဝေမျှ နားထောင်နိုင်မယ့် ‘Group Session’ ကို Spotify ထည့်သွင်း

Spotify ဟာ အချိန်နဲ့တစ်ပြေးညီ အခြားသူတွေနဲ့ သီချင်းတွေအပြင် playback ထိန်းချုပ်မှု ဝေမျှနိုင်မယ့် လုပ်ဆောင်ချက်သစ်ကို ဖြန့်ချိလိုက်ပါတယ်။ ကပ်ရောဂါအတွင်း အသုံးဝင်လာနိုင်မယ့် feature ဖြစ်ပါတယ်။ “Group Sessions” လုပ်ဆောင်ချက်ကို Spotify Premium လစဉ်ကြေးပေးသွင်းသူတွေပဲ အသုံးပြုနိုင်ပါမယ်။ သူငယ်ချင်းနဲ့ မိသားစုဝင်တွေအချင်းချင်း ဂီတနဲ့ ချိတ်ဆက်နိုင်ပါမယ်။

မတ်လအကုန်မှာ Spotify က ကပ်ရောဂါအတွင်း သုံးစွဲသူ သီချင်းနားထောင်တဲ့ အလေ့အကျင့်ကို ပြောင်းလဲခဲ့ပါတယ်။ Spotify playlist collaboration နဲ့ လူမှုရေးမီဒီယာပေါ်မှာ ဝေမျှအသုံးပြုတာတွေ လုပ်လာပါတယ်။ အခုဆိုရင်လည်း Spotify က အခြားသုံးစွဲသူတွေနဲ့ အချိန်နဲ့တစ်ပြေးညီ သီချင်းနားထောင်နိုင်အောင် “Group Session” (beta အဆင့်သာရှိသေး) ကိုဖြန့်ချိပေးခဲ့ပါတယ်။ အဲဒီ feature က လူစုလူဝေးရှောင်ကြဉ်တဲ့ကာလအတွင်း playback control ကိုလည်း ဝေမျှနိုင်ပါမယ်။

“Group Session” ကိုအသုံးပြုမယ်ဆိုရင် host က အောက်ခြေမှ Connect menu ကို tap လုပ်ပြီး ဧည့်သည်တွေက scan လုပ်နိုင်မယ့် code ကို ဝေမျှပေးရပါမယ်။ အဲဒီအခါမှာ host နဲ့ ဧည့်သည်တွေက pause, play, skip နဲ့ သီချင်းရွေးချယ်တာတွေကို အသုံးပြုနိုင်ပါမယ်။

စိုးထက်
Ref: 9to5Mac

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .