သီချင်းစာသားတွေ ရှာဖွေနိုင်မယ့် feature ကို Spotify ဖြန့်ချိ

Spotify ဟာ iOS နဲ့ Android အတွက် သီချင်းစာသားတွေ ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက်ကို သုံးစွဲသူတွေဆီ ဖြန့်ချိနေပါပြီ။ Apple Music မှာတော့ သီချင်းစာသားရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာ နှစ်နှစ်လောက် ရှိပါပြီ။

သီချင်းနားထောင်သူတွေဟာ သီချင်းတွေ ထည့်သွင်းပြီး play လုပ်ပြီးတာနဲ့ သီချင်းစာသားအတွက် ဝက်ဘ်ရှာဖွေမှု ပြုလုပ်ရပါတယ်။ Spotify ကတော့ အဲ့ပြဿနာကို ဖြေရှင်းဖို့ သီချင်းစာသားထည့်သွင်းတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။

Spotify ရဲ့ update အသစ်ကတော့ Apple Music ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««