
တစ်ကိုယ်ရေအချက်အလက် လုံခြုံမှု ဦးစားပေး Signal မှာတော့ ထူးခြားလုပ်ဆောင်ချက်တွေ များစွာ ပါဝင်ပါတယ်။ Signal ကိုတော့ Android နဲ့ iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ WhatsApp မှာ လုံခြုံရေးပြဿနာတွေကြောင့် လူတွေက Signal ပြောင်းလဲ အသုံးပြုလာကြတာ ဖြစ်ပါတယ်။
(၁) Signal app မှာ lock ပါဝင်
Signal မှာတော့ screen lock ပါဝင်ပါတယ်။ ဒါကြောင့် Android ဖုန်းဆိုရင် PIN, password ဒါမှမဟုတ် လက်ဗွေရာ စတဲ့ လုံခြုံရေးအလွှာတစ်ခု ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Screen lock တုံ့ပြန်မှုမရှိချိန်ကိုလည်း စက္ကန့် ၃၀ ဒါမှမဟုတ် တစ်မိနစ်အထိ ရွေးပေးနိုင်ပါတယ်။
(၂) “Contact Joined Signal” သတိပေးချက်ဖြုတ်ခြင်း
Telegram လိုပဲ Signal ကတော့ ကိုယ့်အဆက်အသွယ်ထဲကလူတွေ platform ရောက်လာတဲ့အကြောင်း အသိပေးပါတယ်။ လူအများကြီး ရောက်လာရင်တော့ အဲဒီသတိပေးချက်တွေက ကိုယ့်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံထဲမှာ ပြထားတဲ့အတိုင်း disable လုပ်လို့ရပါတယ်။
(၃) ဓာတ်ပုံထဲက မျက်နှာတွေ ဝါးပေးခြင်း
မိတ်ဆွေသူငယ်ချင်း အချင်းချင်း ဓာတ်ပုံတွေ ဝေမျှတဲ့အခါမှာ အခြားသူတွေရဲ့ ဆန္ဒမပါဘဲ ဓာတ်ပုံတွေ မဝေမျှတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဓာတ်ပုံတွေ ဝေမျှလိုတဲ့အခါမှာတော့ Signal ရဲ့ blur tool ကတော့ အရေးပါလာပါတယ်။
(၄) Signal ပေါ်က Disappearing Message
မကြာသေးခင်က WhatsApp က Disappearing Messages လုပ်ဆောင်ချက် မိတ်ဆက်ခဲ့ပါတယ်။ Signal Private Messenger မှာတော့ အဲဒီလုပ်ဆောင်ချက် ပါဝင်ပြီးသားပါ။ သုံးစွဲသူကတော့ ပုံမှာ ပြထားတဲ့အတိုင်း မက်ဆေ့ချ်တွေ ပျက်ပြယ်သွားမယ့် အချိန်ကို သတ်မှတ်လို့ရပါတယ်။
(၅) Signal ပေါ်က Unsend Message
Signal ပေါ်မှာ မက်ဆေ့ချ်တစ်ခု ပို့လိုက်တဲ့အခါ ဖျက်စေချင်တဲ့ မက်ဆေ့ချ်တစ်ခုချင်းစီကို အားလုံးမမြင်တွေ့နိုင်အောင် ဖျက်လို့ရပါတယ်။ မက်ဆေ့ချ်ပေါ်မှာ ဖိနှိပ်ပြီး အပေါ်ဘက် အမှိုက်ပုံး icon နှိပ်လိုက်ကာ Delete for Everyone ကိုတော့ နှိပ်လို့ရပါတယ်။
(၆) Screenshot မရိုက်နိုင်အောင် တားဆီးခြင်း
Signal Messenger မှာတော့ “Screen Security” အမည်ရ လုပ်ဆောင်ချက်ပါတယ်။ အဲဒီလုပ်ဆောင်ချက် ဖွင့်ထားလိုက်ရင်တော့ ဖုန်းပေါ်က စကားပြောဆိုမှုတွေကို screenshot ရိုက်တာကို တားဆီးပေးပါတယ်။
(၇) Signal ပေါ်က ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အလိုအလျောက် ဖျက်ခြင်း
မက်ဆေ့ချ်တွေလိုပဲ Signal ပေါ်က ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို အလိုအလျောက် ဖျက်သွားအောင် လုပ်လို့ရပါတယ်။ တကယ်လို့ တခြားတစ်ယောက်က လက်ခံရရှိတဲ့ ဗီဒီယိုကိုတော့ အကြိမ်ရေအလိုက် ပြန်ကြည့်နိုင်အောင် lock လုပ်ထားလို့ ရပါတယ်။ ဆိုလိုတာကတော့ ဗီဒီယို လက်ခံရရှိသူက 1x icon ဆိုရင်တော့ တစ်ကြိမ်ပဲ ကြည့်နိုင်ပါတယ်။
(၈) Incognito Keyboard
Signal ထဲမှာ Incognito Keyboard အမည်ရ အသုံးဝင်တဲ့ တစ်ကိုယ်ရေလုံခြုံရေး လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ အဲဒီလုပ်ဆောင်ချက်က GBoard လိုမျိုး keyboard တွေအတွက် incognito mode ဖွင့်ပေးလိုက်တဲ့အတွက် Signal ထဲမှာ စာရိုက်တဲ့အခါ အကြံပေးမှုနဲ့ သင်ယူမှုတွေကို disable လုပ်ပေးထားပါတယ်။
(၉) Relay ဖုန်းခေါ်ဆိုမှုများ
Signal မှာ ဖုန်းခေါ်ဆိုမှုနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေလည်း လုပ်နိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုတွေက တခြားတစ်ဖက်မှာ IP လိပ်စာကို ဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီအတွက် ရှောင်လွှဲနိုင်တဲ့ နည်းလမ်းရှိပါတယ်။ သုံးစွဲသူက Settings > Privacy မှာ “Always relay calls” ကိုတော့ ဖွင့်ထားလိုက်ရုံပါပဲ။
-စိုးထက်
Ref: Gadgetstouse
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««