သိထားသင့်တဲ့ Android 11 လုံခြုံရေးလုပ်ဆောင်ချက်များ

နောက်ဆုံးထွက်ရှိထားတဲ့ Android 11 ပေါ်မှာ မဖြစ်မနေ သိထားသင့်တဲ့ လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက်လုံခြုံရေး လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ အဲဒီ feature ကိုအသုံးပြုပြီး စမတ်ဖုန်းပေါ်က ကိုယ်ပိုင်အချက်အလက်တွေကို အချိန်မီ ကာကွယ်ထားလို့ရပါတယ်။

One-Time Permissions

ဖုန်းမှာ app တွေအသုံးပြုတဲ့အခါ မိုက်ကရိုဖုန်းနဲ့ ကင်မရာ အသုံးပြုခွင့်ပြုပေးမယ့် app permission လုပ်ငန်းစဉ်ရှိပါတယ်။ Android 11 မှာ app တွေ အသုံးပြုတဲ့အခါမှာ ကင်မရာ (ဒါမှမဟုတ် မိုက်ကရိုဖုန်း ဒါမှမဟုတ် တည်နေရာ) အသုံးပြုခွင့်အတွက် one-time permission ပေးလို့ရပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်သုံးလိုရင် app ကထပ်တောင်းဆိုသွားပါမယ်။

Scoped Storage

Scoped Storage ဆိုတာကတာ့ ဖုန်းပေါ်က app တွေက ကိုယ်ပိုင်အချက်အလက်ကိုပဲ ရယူအောင် ပြုလုပ်ထားပြီး အခြား app တွေက အချက်အလက်ကို မယူနိုင်အောင် ပြုလုပ်ထားပါတယ်။ Android 11 နောက်ကွယ်က အရေးအကြီးဆုံး လုံခြုံရေးလုပ်ဆောင်ချက်ဖြစ်ပါတယ်။ သီအိုရီအရ အရေးကြီးတဲ့ အချက်အလက်တွေကို ပိုမိုလုံခြုံအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Background Location Access

Android 11 မှာ permission နဲ့ဆက်စပ်နေတဲ့ လုပ်ဆောင်ချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ background location access ဖြစ်ပါတယ်။ App တွေက နောက်ကွယ်ကနေ သုံးစွဲသူတည်နေရာကို ခြေရာခံတာ ရှိပါတယ်။ ပထမဆုံး app က တည်နေရာခြေရာခံဖို့ permission တောင်းဆိုပြီး အချိန်တိုင်းခြေရာမခံနိုင်အောင် ဟန့်တာပေးပါတယ်။ သုံးစွဲသူက Android Settings ထဲက app စာမျက်နှာထဲက ပြင်ဆင်နိုင်ပါတယ်။

Identity Credential ကိုစိစစ်ခြင်း

Android 11 မှာ ဖုန်းပေါ်က identity ကိုလုံခြုံအောင် လုပ်ပေးမယ့် အထူး tool တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်းကို အီလက်ထရောနစ် ID ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်တစ်ခုအဖြစ် စဉ်းစားလိုက်မယ်ဆိုရင် ID သင်္ကေတတစ်ခုဖြစ်ပါတယ်။ အဲဒီ tool ကို developer တွေအသုံးချနိုင်အောင် ထည့်သွင်းထားပါတယ်။ Android 11 ထုတ်ကုန်တိုင်းမှာလည်း မပါဝင်နိုင်သေးပါဘူး။ အနာဂတ်မှာတော့ ပိုမိုအသုံးပြုလာနိုင်ပါတယ်။ အခု feature သစ်ကြောင့် credential တွေကို offline ပုံစံသိမ်းထားတဲ့အတွက် အချက်အလက်တွေကို ဝက်ဘ်ပေါ် မတင်နိုင်အောင် ပြုလုပ်ထားသလို ဖုန်းကနေ ဖယ်ရှားရခက်အောင် လုပ်ထားပါတယ်။

Biometrics နဲ့ Encryption

Android 11 ရဲ့လုံခြုံရေးစနစ်မှာပါဝင်တဲ့ biometrics နဲ့ encryption ကလည်း အရေးပါပါတယ်။ Biometrics ကတော့ fingerprint နဲ့ face unlock ကိုထောက်ပံ့ပေးပြီး အတည်ပြုမှုအဆင့်တွေ ပါဝင်လာပါတယ်။ Encryption ကတော့ အချက်အလက်တွေကို PIN မပါဘဲ အသုံးမပြုနိုင်အောင် ကာကွယ်ပေးပါတယ်။

Google Play Store က update များ

Android 11 မှာ Project Mainline လို့ခေါ်တဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ အဲဒီအစီအစဉ်အရ Play Store ကတစ်ဆင့် အဓိက လုံခြုံရေး update တွေဖြန့်ချိပေးသွားပါမယ်။ ဒါကြောင့် Samsung, Sony ဒါမှမဟုတ် အခြားစမတ်ဖုန်းကုမ္ပဏီက ဖြန့်တဲ့ လုံခြုံရေး update တွေကို စောင့်စရာမလိုတော့ပါဘူး။

-စိုးထက်
Ref: Wired

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««