သားသမီးများအတွက် အသင့်တော်ဆုံးပညာရေးစနစ်နှင့် ရွေးချယ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

သားသမီးများအတွက် အသင့်တော်ဆုံးပညာရေးစနစ်နဲ့ ရွေးချယ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ဟောပြောပွဲမှာ ဆယ်တန်းအောင်ထားတဲ့ လူငယ်တွေအတွက် ပညာရေးမှာ လမ်းရွေးမမှားစေဖို့ အနာဂတ်မှာသတိထားရမယ့် အချက်တွေ၊ မိဘဖြစ်စေချင်တာနဲ့ ကျောင်းသားလုပ်ချင်တာ ဘယ်လိုရွေးမလဲ၊ ပြည်တွင်းမှာ (၁) နှစ် (၂) နှစ်ပြင်ပြီးမှနိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကောင်းဆုံးဘယ်လိုပြင်ဆင်မလဲ၊ ကနေဒါအစိုးရကပေးအပ်မယ့် OSSD (Canada Grade 12 Diploma)၊ ကမ္ဘာ့အဆင့် တက္ကသိုလ်ကောင်းကောင်းများဝင်ခွင့်၊ GCE A Level / IB

အကြောင်းများ၊ IELTS/TOEFL/SAT/ACT ပြင်ဆင်ခြင်းအကြောင်းများ၊ ပညာသင်ဆု ၅၀ ရာခိုင်နှုန်း ရအောင်ပြင်ဆင်ခြင်းနည်းလမ်းတွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ Crown Education စာမျက်နှာသို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပြီး https://bit.ly/crownfoundation မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ