သားဖွားသိပ္ပံဘွဲ့ (ပေါင်းကူး) B.M.Sc (Bridge) (၂) နှစ်သင်တန်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်သွားမည်

သားဖွားသိပ္ပံဘွဲ့ (ပေါင်းကူး) B.M.Sc (Bridge) (၂) နှစ်သင်တန်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သားဖွားသိပ္ပံဘွဲ့ ပေါင်းကူး (၂) နှစ် သင်တန်း (Two Year B.M.Sc (Bridge)) သင်ရိုးညွှန်းတမ်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက ရေးဆွဲပြီးဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော သားဖွား ဆရာမများနှင့် အမျိုးသမီးကျန်းမာရေးဆရာမတွေရဲ့ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးနှင့် ပညာဆက်လက်သင်ကြားခွင့်နှင့် ဘဝတက်လမ်းတိုးတက်မြင့်မားစေရေးတို့အတွက် သားဖွားသိပ္ပံဘွဲ့ (ပေါင်းကူး) B.M.Sc (Bridge) သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

-သန္တာ