သမၼတ မာဒူ႐ိုကို ဒ႐ုန္းနဲ႔ ပစ္မွတ္ထားလုပ္ႀကံမႈ ဗင္နီဇြဲလားတြင္ ျဖစ္ပြား

[Zawgyi]

ဗင္နီဇြဲလားသမၼတ နီကိုလာမာဒူ႐ိုကို လုပ္ႀကံမႈထဲမွာပါဝင္ၾကတဲ့ လူ ၆ ဦးကို ဖမ္းဆီးလိုက္တယ္လို႔ ျပည္ထဲေရးဝန္ႀကီး နက္စတာရီဗာ႐ိုက ေျပာၾကားခဲ့ပါတယ္။

ဗင္နီဇြဲလားႏိုင္ငံ ၿမိဳ႕ေတာ္ ကာရာကတ္စ္မွာျပဳလုပ္ခဲ့တဲ့ စစ္ေရးျပအခမ္းအနားအတြင္း ေပါက္ကြဲႏိုင္တဲ့ပစၥည္းေတြပါဝင္တဲ့ ဒ႐ုန္း ၂ စီးနဲ႔ ေဖာက္ခြဲၿပီး သမၼတ နီကုိလာမာဒူ႐ိုကို လုပ္ႀကံဖို႔ ႀကိဳးစားမႈျဖစ္ပြားအၿပီးမွာ အခုလို ဖမ္းဆီးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုဖမ္းဆီးလိုက္တဲ့ လူေတြဟာ လုပ္ႀကံတဲ့အဖြဲ႕ထဲမွာ တစ္စိတ္တစ္ပုိင္း ပါဝင္တဲ့သူေတြျဖစ္တယ္လို႔ နက္စတာရီဗာ႐ိုက ေျပာခဲ့ပါတယ္။
ျပစ္မႈက်ဴးလြန္သူေတြအေနနဲ႔ အျမင့္ဆုံး ျပစ္ဒဏ္ေပးမႈနဲ႔ ရင္ဆုိင္ရမယ္လို႔ မာဒူ႐ိုက သတိေပးေျပာၾကားခဲ့ပါတယ္။ အခုလုပ္ႀကံမႈနဲ႔ ပတ္သက္ၿပီး မာဒူ႐ိုက ကိုလံဘီယာအေပၚ အျပစ္တင္ခဲ့ေပမယ့္ သက္ေသေတြေတာ့ မထုတ္ျပခဲ့ပါဘူး။

ကိုလံဘီယာကေတာ့ အဲဒီစြပ္စြဲခ်က္ေတြက အေျခအျမစ္မရွိဘူးလို႔ တံု႔ျပန္ထားပါတယ္။
ဗင္နီဇြဲလားအစိုးရဟာ မာဒူ႐ိုအေပၚ လုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး အတိုက္အခံေတြကုိလည္း အျပစ္တင္ခဲ့ပါတယ္။ အတိုက္အခံေတြအေပၚ ဖမ္းဆီးမႈေတြလည္း ျပဳလုပ္လာႏိုင္တဲ့ စိုးရိမ္မႈေတြလည္းရွိေနပါတယ္။
အတုိက္အခံေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ဗင္နီဇြဲလားအစိုးရရဲ႕ ေႏွာင့္ယွက္မႈေၾကာင့္ ႏိုင္ငံအတြင္းကေန ထြက္ခြာေနၾကပါတယ္။ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ေထာင္တြင္းမွာ ႏိုင္ငံေရးအက်ဥ္းသား ၂၀၀ ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

သမၼတမာဒူ႐ုိအေနနဲ႔ ဂုဏ္ျပဳတပ္ဖြဲ႕ရဲ႕ ႏွစ္ပတ္လည္အခမ္းအနားမွာ မိန္႔ခြန္းေျပာၾကားေနစဥ္ လုပ္ႀကံဖို႔ ႀကိဳးစားခံခဲ့ရတာ ျဖစ္ပါတယ္။ ေပါက္ကြဲေစႏိုင္တဲ့ ပစၥည္းေတြပါဝင္တဲ့ ဒ႐ုန္း ၂ စီးဟာ သမၼတရဲ႕ စကားေျပာစင္ျမင့္အနားမွာ ေပါက္ကြဲသြားတယ္လို႔ ဆက္သြယ္ေရးဝန္ႀကီး ေဂ်ာ႔႐ိုဒရီဂြက္ဇ္က ေျပာၾကားခဲ့ပါတယ္။

အဲဒီေပါက္ကြဲမႈေၾကာင့္ စစ္သား ၇ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ဗင္နီဇြဲလား အာဏာပုိင္ေတြက ေျပာပါတယ္။
ဗင္နီဇြဲလားသမၼတကို လုပ္ႀကံမႈနဲ႔ပတ္သက္တဲ့ အၾကမ္းဖက္သမားနဲ႔ ေၾကးစားလူသတ္သမား ၆ ဦးကုိ ဖမ္းဆီးခဲ့ၿပီး ကားတခ်ိဳ႕ကို တားဆီးစစ္ေဆးခဲ့သလုိ ဟိုတယ္ေတြကုိလည္း ဝင္ေရာက္စီးနင္းခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: BBC

[Unicode]

ဗင်နီဇွဲလားသမ္မတ နီကိုလာမာဒူရိုကို လုပ်ကြံမှုထဲမှာပါဝင်ကြတဲ့ လူ ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီး နက်စတာရီဗာရိုက ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်စ်မှာပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားအတွင်း ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေပါဝင်တဲ့ ဒရုန်း ၂ စီးနဲ့ ဖောက်ခွဲပြီး သမ္မတ နီကိုလာမာဒူရိုကို လုပ်ကြံဖို့ ကြိုးစားမှုဖြစ်ပွားအပြီးမှာ အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ လူတွေဟာ လုပ်ကြံတဲ့အဖွဲ့ထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့သူတွေဖြစ်တယ်လို့ နက်စတာရီဗာရိုက ပြောခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေအနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်ပေးမှုနဲ့ ရင်ဆိုင်ရမယ်လို့ မာဒူရိုက သတိပေးပြောကြားခဲ့ပါတယ်။ အခုလုပ်ကြံမှုနဲ့ ပတ်သက်ပြီး မာဒူရိုက ကိုလံဘီယာအပေါ် အပြစ်တင်ခဲ့ပေမယ့် သက်သေတွေတော့ မထုတ်ပြခဲ့ပါဘူး။

ကိုလံဘီယာကတော့ အဲဒီစွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ဗင်နီဇွဲလားအစိုးရဟာ မာဒူရိုအပေါ် လုပ်ကြံမှုနဲ့ပတ်သက်ပြီး အတိုက်အခံတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။ အတိုက်အခံတွေအပေါ် ဖမ်းဆီးမှုတွေလည်း ပြုလုပ်လာနိုင်တဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
အတိုက်အခံခေါင်းဆောင် တော်တော်များများအနေနဲ့ ဗင်နီဇွဲလားအစိုးရရဲ့ နှောင့်ယှက်မှုကြောင့် နိုင်ငံအတွင်းကနေ ထွက်ခွာနေကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သမ္မတမာဒူရိုအနေနဲ့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ် လုပ်ကြံဖို့ ကြိုးစားခံခဲ့ရတာ ဖြစ်ပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ ဒရုန်း ၂ စီးဟာ သမ္မတရဲ့ စကားပြောစင်မြင့်အနားမှာ ပေါက်ကွဲသွားတယ်လို့ ဆက်သွယ်ရေးဝန်ကြီး ဂျော့ရိုဒရီဂွက်ဇ်က ပြောကြားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် စစ်သား ရ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက ပြောပါတယ်။
ဗင်နီဇွဲလားသမ္မတကို လုပ်ကြံမှုနဲ့ပတ်သက်တဲ့ အကြမ်းဖက်သမားနဲ့ ကြေးစားလူသတ်သမား ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ကားတချို့ကို တားဆီးစစ်ဆေးခဲ့သလို ဟိုတယ်တွေကိုလည်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

စိုးထက်
Ref: BBC