သမ္မတဒေါ်နယ်ထရမ့် account ကို Snapchat က အားပေးအားမြှောက်မလုပ်တော့

Snap အနေနဲ့ Discover ထဲမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ Snapchat account ကိုမဖော်ပြတော့ဘူးလို့ ပြောလိုက်ပါတယ်။ လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားမမျှတမှုကို လှုံ့ဆော်နေတဲ့ အသံတွေကို အားမပေးလိုတာ ဖြစ်ပါတယ်။

“လက်ရှိ Snapchat ရဲ့ Discover platform ပေါ်မှာ သမ္မတရဲ့ အကြောင်းအရာတွေကို မဖော်ပြတော့ပါဘူး။ Discover ပေါ်မှာ အခမဲ့အားပေးမှုနဲ့ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှု၊ တရားမမျှတမှု လှုံ့ဆော်တဲ့ အသံတွေကို အားမပေးပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လူမျိုးဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားမမျှတတာတွေအတွက် နေရာမရှိသလို အမေရိကအတွင်း ငြိမ်းချမ်းရေး၊ မေတ္တာ၊ တန်းတူညီမျှရေးနဲ့ တရားမျှတမှုကို ရှာဖွေသူအားလုံး အတူတကွရပ်တည်ကြပါမယ်” လို့ Snapd ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

လူမှုကွန်ရက်လုပ်ငန်းတွေက အမေရိကန်သမ္မရွေးကောက်ပွဲမတိုင်မီ platform တွေပေါ်မှာ ဖော်ပြမယ့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်ပြီး သတိရှိနေပါတယ်။ ကွန်ဆာဗေးတစ်တွေက သူတို့ရဲ့ ပြောဆိုမှုတွေကို လူမှုကွန်ရက်တွေက ဖိနှိပ်တယ်လို့ ပြောကြားထားပါတယ်။ အဲဒီပြောဆိုမှုတွေကို ကုမ္ပဏီတွေက ငြင်းဆန်ထားပါတယ်။

-စိုးထက်
Ref: CNET