သဘာဝပတ်ဝန်းကျင်နယ်ပယ်အတွင်းက အသက်မွေးဝမ်းကျောင်းမှုနှင့် ပညာသင်ဆု အခွင့်အလမ်းများ အကြောင်း အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

အမေရိကန်စင်တာရန်ကုန် iNature သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကလပ် ကနေပြီး သဘာဝပတ်ဝန်းကျင် နယ်ပယ်အတွင်းက အသက်မွေးဝမ်းကျောင်းမှုနှင့် ပညာသင်ဆု အခွင့်အလမ်းများ ဆိုတဲ့ ခေါင်းစဥ်နဲ့ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးပွဲကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီ ကနေ ၄း၃၀ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ဖြစ်ကြတဲ့ ဦးလှနိုင်၊ ဒေါက်တာဥမ္မာခိုင်နဲ့ ကိုထက်လင်းနိုင်တို့က သူတို့ရဲ့အတွေ့အကြုံတွေ မျှဝေ၊ အကြံပေးသွားမှာဖြစ်ပြီး iNature President ကိုကျော်ဇင်မြင့်သိန်းက အခမ်းအနားမှာ moderator အဖြစ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မြန်မာလိုဆွေးနွေးမှာ ဖြစ်တဲ့အတွက် တက်ရောက်သူတွေ အနေနဲ့ ကျွမ်းကျင်သူတွေကိုလည်း မေးခွန်းတွေ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို https://forms.gle/M895VM5AmHasd7VM9 ကတစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««