သန်လျင်တွင် ကလေးစာပေပွဲတော် ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနဲ့ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး သန်လျင်မှာ ကလေးစာပေပွဲတော် ပြုလုပ်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနဲ့ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ သန်လျင်မြို့၊ မြို့သစ်အရှေ့ ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေဖို့နဲ့ ကလေးတွေရဲ့အပြောအဆိုနှင့်နှုတ်မှုရေးရာ စွမ်းရည်များ မြင့်မားလာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန် စာပေနှင့်ရင်းနှီးပြီး ကလေးများ၏ စာဖတ်ခြင်းနှင့် ဖန်တီးပေးရန် ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဂိမ်းကစား ပြိုင်ပွဲများနှင့်အတူ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ ဖျော်ဖြေပွဲများစတာတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ