သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

[ Zawgyi ]




-ကျော်ဇေယျ

[ Unicode ]

သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ 7th International Industrial Technology & Machinery Show 2019 Naypyitaw ကို နေပြည်တော်ရှိ (MICC-II) မှာ သြဂုတ် ၃၀ ရက် မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြပွဲမှာ Inventor Award စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ စက်မှုနည်းပညာများ၊ MSMEs လုပ်ငန်းများ၊ ဆက်သွယ်ရေးနည်းပညာများ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ရေကြောင်းသုံး နည်းပညာများ၊ လေကြောင်းသုံးနည်းပညာများ၊ လမ်း/တံတား ဆောက်လုပ်ရေးနည်းပညာများ၊ စိုက်ပျိုးရေးနည်းပညာများ၊ IT နှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ကုန်ပစ္စည်းများထုပ်ပိုးမှုဆိုင်ရာ နည်းပညာများအား ခင်းကျင်းပြသသွားမည့်အပြင် Product Presentation များနဲ့ Seminar တွေကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

“Inventor Award” စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို မည်သူမဆို အခမဲ့လာရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဖုန်း ၀၁-၅၁၃၉၀၃ နဲ့ ၀၉-၂၅၀၅၂၇၇၂၂ ကို ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။