“သတင်းအတတ်ပညာ၊ သတင်းတုနှင့် လုပ်ကြံသတင်းများ” မြန်မာဘာသာပြန် စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည်

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) က မြန်မာဘာသာပြန်ဆို ထုတ်ဝေတဲ့ “သတင်းအတတ်ပညာ၊ သတင်းတုနှင့် လုပ်ကြံသတင်းများ” စာအုပ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၄ ရက် နံနက် ၁၀းဝဝ နာရီမှာ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

UN Myanmar (https://www.facebook.com/UNinMyanmar/)၊ Mizzima (https://www.facebook.com/MizzimaDaily/) နှင့် UNESCO Myanmar Project Office (https://www.facebook.com/UNESCOMyanmar/) ဖေ့စ်ဘုတ်စာမျက်နှာတို့မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

UN Myanmar , Mizzima နဲ့ UNESCO Myanmar Project Office ဖေ့စ်ဘုတ်စာမျက်နှာများမှ တစ်ဆင့် မေးခွန်းတွေကို မေးမြန်းနိုင်ကြောင်း၊ အချိန်အကန့်အသတ် ရှိပါက သတင်းထောက်များ၊ သတင်းမီဒီယာတိုက်များနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းများထံမှ မေးခွန်းတွေကို ဦးစားပေး ဖြေဆိုပေးသွားမှာ ဖြစ်ပြီး မေးမြန်းလိုသူများအနေဖြင့် Comment တွင် မေးခွန်းများ မေးသည့်အခါ မိမိအဖွဲ့အစည်းအမည်ကို ဖော်ပြပေးရန် မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««