သတင်းအချက်အလက် နည်းပညာ ဘွဲ့ကြိုဒီပလိုမာဘွဲ့ (Dip.IT) အပတ်စဉ် (၂) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် သတင်းအချက်အလက်နည်းပညာ ဘွဲ့ကြိုဒီပလိုမာဘွဲ့ Dip.IT သင်တန်းကို မေ ၁၈ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို အခြေခံပညာအထက်တန်းအောင်မြင်ပြီး လျှောက်လွှာပိတ်ရက်တွင် အသက် ၂၁ နှစ်ထက် မကျော်လွန်သူ တွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကို ညနေ ၄ နာရီ မှ ည ၇ နာရီ၊ တနင်္လာမှ သောကြာအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို မေ ၅ ရက်တွင်ဖြေရမှာ ဖြစ်ပြီး အင်္ဂလိပ်စာကို နံနက် ၉ နာရီခွဲ မှ ၁၁ နာရီအထိလည်းကောင်း၊ ပင်ကိုစွမ်းရည်စစ်ဆေးခြင်း (Aptitude Test) ကို နေ့လယ် ၁၂ နာရီခွဲမှ ၂ နာရီအထိ လည်းကောင်း သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှာ ဖြေဆိုရမှာဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို ဧပြီ ၁၃ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပြီး ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေးများကိုလည်း လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်တန်းအောင်အမှတ်စာရင်း သို့မဟုတ် တက္ကသိုလ်တက်ရောက်နေသူဖြစ်ပါက နောက်ဆုံးဖြေဆိုအောင်မြင်ခဲ့တဲ့ စာမေးပွဲ အမှတ်စာရင်းကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

အသေးစိတ်ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ပါရမီလမ်း၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ ၁၂ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၀၁-၉၆၆၄၇၀၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ