သတင်းမှားတွေ ရှောင်ရှားနိုင်ဖို့ message forward အရေအတွက်ကို WhatsApp ကန့်သတ်

WhatsApp ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ သက်ဆိုင်တဲ့ သတင်းမှားတွေ ဖြန့်ဖြူးမှုကို လျှော့ချဖို့ message forward လုပ်နိုင်တဲ့ အရေအတွက်ကို ကန့်သတ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ငါးကြိမ်ထက်မနည်း forward လုပ်ထားတဲ့ message ကို chat တစ်ခုမှာ တစ်ခါပဲ ပို့နိုင်တော့မှာ ဖြစ်ပါတယ်။

“သုံးစွဲသူတွေက ရယ်စရာဗီဒီယိုတွေ၊ memes နဲ့အဓိပ္ပာယ်ရှိတဲ့အရာများစွာ forward လုပ်နေတဲ့ သုံးစွဲသူများစွာ ရှိပါတယ်။ ဒါပေမဲ့ message ကို forward လုပ်တဲ့အရေအတွက် သိသိသာသာ တိုးတက်လာပြီး အလွန်များပြားပြီး သတင်းမှားဖြန့်ချိမှုကိုလည်း လုပ်နိုင်တယ်လို့ ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ်” လို့ WhatsApp က blog post မှာရေးသားခဲ့ပါတယ်။

အခုလို မကန့်သတ်ခင်က သုံးစွဲသူက တစ်ကြိမ်မှာ chat ၅ခုစီပေးပို့နိုင်ပါတယ်။ Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာ သတင်းများဖြန့်ချိမှုနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယအတွင်းက ၂၀၁၈ အကြမ်းဖက်မှုနဲ့ လူအုပ်စုလိုက်အကြမ်းဖက်မှုအပြီး ၂၀၁၉ ခုနှစ်မှာ message forward ကို ၅ ကြိမ်ပဲ ခွင့်ပြုတော့တာ ဖြစ်ပါတယ်။

သုံးစွဲသူက တစ်ကြိမ်မှာ chat တစ်ခုစီ message ကို forward လုပ်နိုင်သေးပြီး ကောလာဟလဖြန့်ချိမှုတွေ လျော့နည်းသွားဖို့ WhatsApp ကမျှော်လင့်နေပါတယ်။ WhatsApp ဟာအလိုအလျောက် message တွေနဲ့ message တွေ အစုလိုက်အပြုံလိုက်ပို့တဲ့ account ၂ သန်းကိုလည်း ဖယ်ရှားထားပါသေးတယ်။

စိုးထက်
Ref: CNET