သတင်းစာရှင်းလင်းပွဲမှာ Xbox Series X သရုပ်ဖော်ပုံအတုကို AMD အသုံးပြုခဲ့

ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီ AMD ဟာ CES 2020 သတင်းစာရှင်းလင်းပွဲမှာ Xbox Series X သရုပ်ဖော်ပုံအတုကို အသုံးပြုခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“AMD CES သတင်းစာရှင်းလင်းပွဲအတွင်း အသုံးပြုခဲ့တဲ့ Xbox Series X ရုပ်ပုံဟာ Microsoft ကရရှိတာ မဟုတ်သလို အသစ်ထွက်ရှိမယ့် ဂိမ်းစက်ရဲ့ ဒီဇိုင်း ဒါမှမဟုတ် feature တွေကို တိကျစွာကိုယ်စားမပြုပါဘူး။ အဲဒီပုံကို TurboSquid.com ကရယူထားတာ ဖြစ်တယ်” လို့ AMD ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

TurboSquid က 3D သရုပ်ဖော်ပုံကို ဖော်ပြခဲ့ပြီး AMD ကဝန်ထမ်းတစ်ဦး ဝက်ဘ်ဆိုက်ပေါ်ထဲက သရုပ်ဖော်ပုံများစွာထဲက တစ်ပုံ အသုံးပြုခဲ့ပါတယ်။ AMD ကပြသခဲ့တဲ့ Xbox Series X ဓာတ်ပုံမှာ ကျောဘက် port တွေဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လက Microsoft ကထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကျောဘက် port တွေကို မဖော်ပြထားပါဘူး။ Xbox Series X ရှေ့ဘက်မှာ ပုံမှန် USB-A port တွေပါဝင်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge