[ Zawgyi ]
-သန္တာ
[ Unicode ]
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေနဲ့ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်သို့ တက္ကသိုလ်ဝင်ခွင့် ရမှတ် ၄၅၀ အထက်ရှိသူများ တိုက်ရိုက်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
တက္ကသိုလ်သို့ အမှတ်အများဆုံးရရှိသူ အယောက် ၂၀၀ တက်ရောက်ခွင့် ရရှိမှာဖြစ်ပြီး သီးသန့်ဝင်ခွင့် ရေးဖြေနှုတ်ဖြေ စစ်ဆေးခြင်းကို ပြုလုပ်ရမှာ မဟုတ်ပါဘူး။
ကျောင်းလျှောက်လွှာကို ဒီနေရာမှ လည်း download ရယူနိုင်သလို ကျောင်းသို့လည်း လူကိုယ်တိုင်သွားရောက် ထုတ်ယူနိုင်ပါတယ်။ လျှောက်လွှာများကို UIT သို့ တိုက်ရိုက် ပေးပို့ရမှာဖြစ်ပြီး နယ်ကျောင်းသားတွေအတွက် အဆောင်စီစဉ်ပေးတယ်လို့ သိရပါတယ်။
အသေးစိတ် ထပ်မံသိရှိလိုတာတွေကိုတော့ UIT website နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်သလို ဖုန်း- ၀၁-၉၆၆၄၇၀၉ ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
-သန္တာ