သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသစ်တွင် မာစတာသင်တန်းများ စတင်ဖွင့်လှစ်မည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသစ်တွင် မာစတာသင်တန်းများကို ၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးသွားမယ်လို့ သိရပါတယ်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကို ပါရမီလမ်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ ဇန်နဝါရီ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ “ဟိုဘက်ကျောင်းနဲ့ ဒီဘက်ကျောင်းဘာမှတော့ မကွာခြားပါဘူး။ နေရာပြောင်းတာပဲ ရှိပါတယ်။ ဟိုအရင်သံလွင်လမ်းမှာရှိတဲ့ ကျောင်းမှာလဲ သီးခြား တခြား Project တွေ လုပ်စရာရှိတဲ့အတွက် ဒီဘက်ကျောင်းကို ပြောင်းရွှေ့ဖွင့်လှစ်တာပဲ ဖြစ်ပါတယ်” လို့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဒေါ်စောစန္ဒာအေးက ပြောပါတယ်။ ယခင် သံလွင်လမ်းရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ငါးနှစ်တာ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု ကျောင်းအသစ်တွင် ပထမနှစ်ဝင်ခွင့် ရရှိသူပေါင်း ၂၁၇ ဦး တက်ရောက်ခွင့်ရရှိကြောင်း သိရပါတယ်။

-သန္တာ