သတင္းဝန္ေဆာင္မႈ Flipboard တိုက္ခိုက္ခံရၿပီး အခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

ဟက္ကာေတြက Flipboard ကုိတိုက္္ခိုက္ခဲ့ၿပီး သုံးစြဲသူအမည္ေတြ၊ အီးေမးလ္လိပ္စာေတြနဲ႔ ကာကြယ္ထားတဲ့ password ေတြရယူသြားခဲ့ပါတယ္။ အဲဒီကိစၥကုိ Flipboard သုံးစြဲသူေတြဆီထံ ကုမၸဏီက အီးေမးလ္ေပးပို႔ထားပါတယ္။

၂၀၁၈ ခုႏွစ္ ဇြန္လ ၂ ရက္နဲ႔ ၂၀၁၉ခုႏွစ္ ဧၿပီလ ၂၂ ရက္အတြင္း Flipboard အခ်က္အလက္သိမ္းဆည္းမႈ ကေန ေပါက္ၾကားသြားတဲ့ သတင္းအခ်က္အလက္ေတြကုိ အခြင့္မရွိဘဲ အသုံးျပဳထားမႈကုိ ေတြ႕ရွိထားပါတယ္။ ဟက္ကာေတြဟာ database ေတြက အခ်က္အလက္ေတြကုိ ကူးယူထားဖြယ္ရွိၿပီး account အေရအတြက္ ဘယ္ေလာက္ ထိခိုက္ခဲ့သလဲဆိုတာေတာ့ မေျပာခဲ့ပါဘူး။

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ database ေတြထဲမွာ Flipboard သုံးစြဲသူအမည္၊ အမည္အရင္ေတြ၊ အီးေမးလ္လိပ္စာေတြနဲ႔ password ေတြပါဝင္လာပါတယ္။ Password ေတြကုိ သိုဝွက္ၿပီး hash ေတြ ထည့္သြင္းထားတဲ့အတြက္ အခ်က္အလက္ရရွိသူေတြက အလြယ္တကူ မၾကည့္ႏိုင္ပါဘူး။
ေပါက္ၾကားခဲ့တဲ့ account ေတြထဲမွာ Twitter ဒါမွမဟုတ္ Facebook လိုမ်ိဳး third party ဝန္ေဆာင္မႈေတြနဲ႔ Flipboard ကုိခ်ိတ္ဆက္ဖို႔ digital token ေတြလည္း ပါဝင္လာပါတယ္။

Flipboard အေနနဲ႔ password ေတြအားလုံးကုိ reset လုပ္တာနဲ႔ digital token ေတြအားလုံးကို အစားထိုးတာ ဒါမွမဟုတ္ ဖ်က္သိမ္းတာ ျပဳလုပ္ေနပါတယ္။ တကယ္လို႔ သုံးစြဲသူက Flipboard ကုိ Facebook ဒါမွမဟုတ္ Twitter နဲ႔ခ်ိတ္ဆက္ထားတယ္ဆိုရင္ သုံးစြဲသူ account ေတြနဲ႔ ျပန္လည္ခ်ိတ္ဆက္ဖို႔ လိုပါမယ္။

Ref: MacRumors

[ Unicode ]

ဟက်ကာတွေက Flipboard ကိုတိုက််ခိုက်ခဲ့ပြီး သုံးစွဲသူအမည်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ ကာကွယ်ထားတဲ့ password တွေရယူသွားခဲ့ပါတယ်။ အဲဒီကိစ္စကို Flipboard သုံးစွဲသူတွေဆီထံ ကုမ္ပဏီက အီးမေးလ်ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နဲ့ ၂၀၁၉ခုနှစ် ဧပြီလ ၂၂ ရက်အတွင်း Flipboard အချက်အလက်သိမ်းဆည်းမှု ကနေ ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်တွေကို အခွင့်မရှိဘဲ အသုံးပြုထားမှုကို တွေ့ရှိထားပါတယ်။ ဟက်ကာတွေဟာ database တွေက အချက်အလက်တွေကို ကူးယူထားဖွယ်ရှိပြီး account အရေအတွက် ဘယ်လောက် ထိခိုက်ခဲ့သလဲဆိုတာတော့ မပြောခဲ့ပါဘူး။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ database တွေထဲမှာ Flipboard သုံးစွဲသူအမည်၊ အမည်အရင်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ password တွေပါဝင်လာပါတယ်။ Password တွေကို သိုဝှက်ပြီး hash တွေ ထည့်သွင်းထားတဲ့အတွက် အချက်အလက်ရရှိသူတွေက အလွယ်တကူ မကြည့်နိုင်ပါဘူး။
ပေါက်ကြားခဲ့တဲ့ account တွေထဲမှာ Twitter ဒါမှမဟုတ် Facebook လိုမျိုး third party ဝန်ဆောင်မှုတွေနဲ့ Flipboard ကိုချိတ်ဆက်ဖို့ digital token တွေလည်း ပါဝင်လာပါတယ်။

Flipboard အနေနဲ့ password တွေအားလုံးကို reset လုပ်တာနဲ့ digital token တွေအားလုံးကို အစားထိုးတာ ဒါမှမဟုတ် ဖျက်သိမ်းတာ ပြုလုပ်နေပါတယ်။ တကယ်လို့ သုံးစွဲသူက Flipboard ကို Facebook ဒါမှမဟုတ် Twitter နဲ့ချိတ်ဆက်ထားတယ်ဆိုရင် သုံးစွဲသူ account တွေနဲ့ ပြန်လည်ချိတ်ဆက်ဖို့ လိုပါမယ်။

စိုးထက်
Ref: MacRumors