သင်္ကြန်ကာလအတွင်း နီနီခင်ဇော်၏ Stay @ Home & Sing with Me Live Show ကို TAY တွင်ကြည့်ရှုနိုင်မည်

သင်္ကြန်ကာလအတွင်း နီနီခင်ဇော်ရဲ့ Stay @ Home & Sing with Me Live Show တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုကို ဗီဒီယိုမျှဝေမှု ပလက် ဖောင်းတစ်ခုဖြစ်တဲ့ TAY မှာ ကြည့်ရှုနိုင်မယ်လို့သိရပါတယ်။

အဆိုပါ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုကို ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ညစဉ် ၇:၃၀ နာရီတွင် TAY ရဲ့ Facebook စာမျက်နှာ [ https://www.facebook.com/tay4U] နဲ့ နီနီခင်ဇော်ရဲ့ Facebook စာမျက်နှာ [ https://www.facebook.com/NiNiKhinZawOfficial] နှစ်ခုမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သီချင်းတွေကို မတူညီတဲ့ဗားရှင်းပြောင်းကာ Theme အမျိုးမျိုးနဲ့ နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်သလို ပရိသတ်တောင်းဆိုတဲ့ သီချင်းတွေကိုလည်း သီဆိုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

TAY ဗီဒီယိုမျှဝေမှုပလက်ဖောင်းပေါ်တွင် ရုပ်သံ၊ ဂီတ နဲ့ ဖျော်ဖြေရေး အစီစဉ်တွေကို အခမဲ့ ကြည့်ရှုနိုင်သလို ကိုယ်တိုင်ဗီဒီယိုတွေကိုလည်း အခမဲ့ တင်ဆက်နိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း