သင့်တင့်တဲ့ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းသုံးချင်သူတွေအတွက် Huawei Nova 2i Aurora Blue ကို စမ်းသပ်ကြည့်လိုက်ပါ

စမတ်ဖုန်းအမှတ်တံဆိပ်တွေ ပေါများနေတဲ့ ခေတ်ထဲမှာ ရပ်တည်မှုကြာမြင့်ပြီး ပရိသတ်အခိုင်အမာ ရရှိပြီးသား Brand တစ်ခုဖြစ်တဲ့ HUAWEI Company ကနေ ဆန်းသစ်ပြောင်းလဲမှုရဲ့ အထင်ကရ ထုတ်ကုန်အဖြစ် nova Series တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအထဲကမှ ကျွန်တော် တင်စားညွှန်းဆိုချင်တဲ့ nova 2i Aurora Blue (သို့) အာရုဏ်ဦးရဲ့ကောင်းကင်ပြာ အကြောင်းပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက HUAWEI က ထုတ်တဲ့ စမတ်ဖုန်း တော်တော်များများဟာ သုံးစွဲသူတွေလက်ထဲ ရောက်ခဲ့ပေမယ့်လည်း ဝေဖန်သံတွေ အနည်းငယ်တော့ ကြားခဲ့ရပါတယ်။ နောက်ပိုင်း တိုးတက်လာတဲ့ ခေတ်ထဲမှာ HUAWEI ရဲ့ High End စမတ်ဖုန်းတွေဟာ သုံးစွဲသူတွေကို အံ့သြဖွယ် စွမ်းဆောင်ရည်တွေ မြင်တွေ့သုံးစွဲခွင့် ရစေခဲ့တာပဲဖြစ်ပါတယ်။

အခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်စရာ မလိုလောက်အောင် ပြည်တွင်းဈေးကွက်တွေမှာ နေရာယူထားတာကတော့ အားလုံး သိပြီးသားအတိုင်းဖြစ်မှာပါ။ Leica နဲ့ပေါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ အချိန်ကစပြီး ကင်မရာပိုင်းအလန်းစားတွေနဲ့ ပုံတွေရုပ်ထွက်တွေ ပြည်တွင်းက mobilegraphy သမားတွေရဲ့ လက်ရာတွေကို မြင်တွေ့ခံစားခဲ့ရပြီး မဟုတ်ပါလား။ Business Insider ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားချက်အရ HUAWEI ရဲ့ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု အရေအတွက်ဟာ တရုတ်နိုင်ငံမှာတောင် အခြားသော စမတ်ဖုန်းတွေထက် သာနေတယ်ဆိုတာတော့ အမှန်ပါပဲ။ ဖုန်းတွေဒီလောက် အများကြီးထုတ်ပြီး ဘာလုပ်တာလဲ? … သုံးစွဲသူတွေများလာတယ် ၊ ဒီအမှတ်တံဆိပ်၊ ဒီဈေးနှုန်းဟာ သူတို့အတွက် တကယ်တမ်း အသုံးတည့်ကြလို့ပဲ ဖြစ်ပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ညီအောင် သုံးစွဲရတဲ့ စမတ်ဖုန်းတလုံးရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်မဟုတ်ပါလား။ ဒီနှစ်ခရစ်စမတ်ရဲ့ လဝက်တာကာလမှာ အရောင်အသွေးအသစ်ဖြစ်တဲ့ HUAWEI nova 2i Aurora Blue ကို မိတ်ဆက်ပေးခဲ့ပါတယ်။

HUAWEI nova 2i အပြာရောင်စမတ်ဖုန်းဟာ Selfie ရိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ပုံရိပ်တွေကို ပုံဖော်ရာမှာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကို အသုံးပြုရာမှာပဲ ဖြစ်ဖြစ်၊ ပြည့်ဝစွာအသုံးပြုနိုင်မယ့် မျက်နှာပြင်ပြည့် 5.9 HUAWEI FullView Diplay ကို တမူထူးခြားစွာ မိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ နောက်ဘက်ကင်မရာ 16 Mega Pixel နဲ့ 2 Megapixels ရယ် Front Camera 13 Mega Pixl နဲ့ 2 Megapixels ရယ်ကင်မရာ ၄ လုံးဆိုတဲ့အတိုင်း အရှေ့ဘက်က မြင်ကွင်းတွေကို ရိုက်ကူးချင်တာပဲဖြစ်ဖြစ် Selfie ပဲဖြစ်ဖြစ် ပရိုဆန်ဆန် ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ဒါဟာအသုံးတည့်မယ့် ပုံစံမျိုးရှိနေပါတယ်။ Nova 2i ရဲ့ ကင်မရာဖွဲ့စည်း တည်ဆောက်ပုံက အလွန်အကျွံဖွဲ့စည်း တည်ဆောက်ထားတာမျိုးမဟုတ်ပဲ သေသပ်လှပတဲ့ ကင်မရာနေရာအထားအသိုနဲ့ Dual Flash ပါ ပါဝင်တည်ဆောက်ထားပြီး သုံးစွဲသူစိတ်ကြိုက် ဖြစ်စေမယ့် အနေအထားကို တွေ့ရပါလိမ့်မယ်။ ရွှေရောင် ၊ အနက်ရောင်တွေထက် ပိုတည်ငြိမ်ပြီး ပိုခန့်ထည်တဲ့ အသွင်ဆောင်နေတဲ့ (Aurora Blue) ကို ဝယ်ယူမိတာက မမှားဘူးဆိုတာမျိုးကို သုံးစွဲသူတွေအနေနဲ့ သိလာပါလိမ့်မယ်။

Download ထပ်လုပ်ပြီး သုံးစရာမလိုတဲ့ ကင်မရာ Effect တွေဟာ သင်နဲ့ သင့်မိတ်ဆွေတွေကို ထူးခြားပျော်ရွှင်ဖွယ်ကောင်းတဲ့ ကမ္ဘာသစ်တစ်ခုစီကို ခေါ်ဆောင်သွားပါလိမ့်မယ်။ အခြားသော အမျိုးမျိုးစိတ်ဝင်စားဖွယ် feature တွေကတော့ nova 2i စမတ်ဖုန်းကနေသင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ ဥပမာ – စကရင်ကို နှစ်ချက်ခေါက်ရင် screen shot လုပ်ပေးတာမျိုး၊ Build in app ဖြစ်တဲ့ Heath care ကနေ သင့်ရဲ့ကျန်းမာရေးအတွက် ပြေးတာတွေ၊ လမ်းလျှောက်တာတွေအတွက် Auto Calori တွက်ချက်ပေးတာမျိုးတွေကို တွေ့ကြုံခံစားရမှာပါ။ ဆင်းမ်ကတ် ၂ ကတ် အသုံးပြုနိုင်တယ်၊ Sim Card တစ်ကတ်ပဲ သုံးမယ်ဆို 256 GB ထိတိုးနိုင်မယ် Build in ကလည်း 64 GB ပါဝင်တဲ့အပြင် OTG ကိုလည်း Support ပေးထားပါသေးတယ်။ ဖုန်းတစ်လုံးရဲ့ အပြင်အဆင်တွေကို ထပ်မံပြီးလှပအောင် Theme တွေနဲ့ တန်ဆာဆင်ချင်တယ်ဆိုရင်လည်း HUAWEI Theme Editor ကသင့်ကို သင့်အကြိုက်ပုံရိပ်တွေ icon တွေနဲ့ စောင့်ကြိုနေပါလိမ့်မယ်။ ဈေးနှုန်းအနေနဲ့ သုံးသိန်းကျော် အတိအကျဆိုရရင် ၃၉၉,၀၀၀ မှာ ကင်မရာပိုင်း ကြိုက်တဲ့သူတွေအတွက်ရော၊ အတွင်း Specification ကြိုက်တဲ့သူတွေအတွက်ရော မျက်စိစုံမှိတ်ဝယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဟာ အာရုဏ်ဦးရဲ့ ကောင်းကင်ပြာလို့ခေါ်တဲ့ (Aurora Blue) ကိုပဲ ညွှန်းပါရစေ။ နည်းပညာဆောင်းပါးတွေ စမတ်ဖုန်း Reviews တွေထဲမှာတော့ ကိုယ်ရည်သွေးတီးလုံးသံတွေ ကြားနေတာကနေ ကိုယ်တိုင်စမ်းသပ် သုံးစွဲကြည့်တာက သုံးစွဲသူတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။ Opreation System က Android 7.0, EMIUI က 5.1 , အသံပိုင်းဆိုင်ရာမှာ 3D Sound Effect ၊ ပရိုဆက်ဆာတွေအနေနဲ့ကလည်း 1.7GHz Octa-Core HI silicon Kirin 659 ကို သုံးထားပြီး 4GB RAM ကို သုံးထားတဲ့အတွက် Graphic မြင့်တဲ့ ဂိမ်းတွေလည်း ကစားနိုင်ပါတယ်။ ပေးရတဲ့ဈေးနဲ့တန်တဲ့ Mid-Range ဖုန်းတွေထဲမှာ သင့်ကို အာရုဏ်ဦးရဲ့ ကောင်းကင်ပြာ (Aurora Blue) က စိတ်တိုင်းကျ ကျေနပ်စေမှာပါ။ ဘက်ထရီကလည်း 3340 mAh ဆိုတော့ သင့်တစ်နေတာလုံးမှာ nova 2i Aurora Blue က မခွဲအတူ ရှိနေနိုင်ပြီပေါ့။

-ကိုသက်