သင့်အလုပ်အကိုင်အတွက် ကျွန်တော်တို့ ပံ့ပိုးကူညီပါတယ်

‘‘သင့်အလုပ်အကိုင်အတွက် ကျွန်တော်တို့ ပံ့ပိုးကူညီပါတယ်’’

Dr. Wolfgang Wagner

Global Group HR Director

Super Seven Stars Co., Ltd

 

လတ်တလော တစ်ကမ္ဘာလုံးကြုံနေရတဲ့ စိန်ခေါ်မှုတွေကြားက မြန်မာ့စီးပွားရေးအပေါ် အမြင် 

 

မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ စီးပွားရေး တစ်ဟုန်ထိုး တိုးတက်နေတဲ့ နိုင်ငံလို့ထင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ တရုတ်နိုင်ငံ ဗိုင်းရပ်စ်လိုမျိုး စိန်ခေါ်မှု နည်းနည်းတော့ ရှိပါတယ်။ ကျွန်တော်တို့က အပြုသဘောပုံစံနဲ့ တရုတ်အပေါ် အများကြီးမှီခိုနေပါတယ်။ ဒါကြောင့် တရုတ်မှာ အခြေအနေ မြန်မြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ ဒါမှကျွန်တော်တို့စီးပွားရေးလည်း မထိခိုက်မှာပါ။

 

မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် Super Seven Stars ရဲ့ အခန်းကဏ္ဍ

 

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မော်တော်ယာဉ်စက်မှုလုပ်ငန်း စီးပွားရေးကလည်း အတိုင်းအတာကြီးမားစွာပါဝင်နေတာဖြစ်ပါတယ်။ကားလုပ်ငန်းကအခြေခံသယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ အတွက် လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ အိပ်မက်တွေကိုလည်း   ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ အဲဒီအိပ်မက်တွေက ကားနဲ့ ဆက်နွှယ်နေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပါဝင် ဖြည့်ဆည်းမှုပါ

ပဲ။ ကျွန်တော်တို့က မြန်မာပြည်သူလူထုတွေရဲ့ အိပ်မက်ကို ပါဝင်ဖြည့်ဆည်းပေးနေပါတယ်။

 

 

Super Seven Stars အနေနဲ့ ဝန်ထမ်းတွေအပေါ် မျှော်လင့်ချက်

 

ကျွန်တော်တို့က လူတွေကို အလုပ်ပေးပြီး အဲဒီလူတွေက တခြားလူတွေကို သူတို့ရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးဖို့ ကူညီပါတယ်။ ဒါကြောင့် လူတွေကို စီမံခန့်ခွဲတာဟာ ကျွန်တော်တို့ စီးပွားရေးရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခြုံပြီးပြောရရင် ကမ္ဘာတစ်ဝန်းကမော်တော် ကားလုပ်ငန်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပိုပြီးမှန်ပါတယ်။ အောင်မြင်မှုအတွက် အကြီးမားဆုံး ပါဝင်ဖြည့်ဆည်းပေးတာကလူတွေပါပဲ။ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပါပဲ။ကုမ္ပဏီတိုင်းကအစဉ်အလာအတိုင်းကနေခေတ်မီကုမ္ပဏီအဖြစ်ကူးပြောင်းနေကြတယ်။ ကမ္ဘာကြီးကို ပစ္စည်းထောက်ပံ့နိုင်တဲ့ ခေတ်မီကုမ္ပဏီဖြစ်ဖို့ပေါ့။ ဒါဟာ လူတွေကို စီမံခန့်ခွဲဖို့ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ တခြားတစ်ဖက်မှာလည်း ကျွန်တော်တို့မှာ တစ်ဟုန်ထိုးတိုးတက်နေတဲ့ ဈေးကွက်ရှိနေတယ်။ ဒါ ကြောင့် ကျွန်တော်တို့က တန်ဖိုးရှိတာကို ထိန်းသိမ်းဖို့ လုပ်ဆောင်ပြီး လူတွေကို ဆက်ထိန်းထားဖို့ အများကြီးလုပ် ဆောင်ပေးရမယ်ဆိုတဲ့အချက်ကို အလေးထားနေရတယ်။ ဒါကြောင့် တန်ဖိုးရှိတာကို ထိန်းသိမ်းပြီး လူတွေကို ဆက် ထိန်းနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုပါပဲ။

 

Super Seven Stars အနေနဲ့ Career Development လုပ်ဆောင်ပေးမှု

 

Super Seven Stars ကို လာရောက်တာဟာ ဝန်ထမ်းတစ်ဦးရဲ့ အလုပ်အကိုင်အတွက် ကောင်းတယ် လို့ ကျွန် တော်ထင်ပါတယ်။ ‘‘သင့်အလုပ်အကိုင်အတွက် ကျွန်တော်တို့ ပံ့ပိုးကူညီပါတယ်’’ဆိုတာက ကျွန်တော် တို့ရဲ့ ဆောင် ပုဒ်တစ်ခုပါ။ အဲဒီကို လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ Super Seven Stars အလုပ်အကိုင်စင်တာဆိုတဲ့ အမြဲတမ်းဌာနတစ်ခုရှိပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ ဂရုစိုက်ပါတယ်။ Super Seven Stars အုပ်စုရဲ့ ကုမ္ပဏီတစ်ခုချင်းစီတိုင်းမှာ ဝန်ထမ်းတစ်ယောက်ချင်းကို ဂရုစိုက် ကူညီပေးမယ့် မန်နေဂျာတွေ ထား ရှိပါတယ်။

သင့်တော်မှန်ကန်ကောင်းမွန်တဲ့ ဝန်ထမ်းအသစ်တွေကို ရှာဖွေဆောင်ရွက်မှု

 

ကျွန်တော်တို့က အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုနေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ အထူးသဖြင့် စီနီယာဝန်ထမ်းတွေရဲ့ ကွန်ရက်အသုံးပြုနေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့က ကုန်သည်ကြီးများအသင်းလို မျိုး လူထုစနစ်ကို အသုံးပြုပါတယ်။ LinkedIn ကိုလည်း သုံးပါတယ်။ ကျွန်တော် တို့က လူစုဆောင်းရေး နည်းလမ်းအများအပြားကို ရောနှောသုံးနေပါတယ်။ ဒီမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ ကျွန်တော်တို့ကုမ္ပဏီအတွက် မှန်ကန်တဲ့လူတွေ ရွေးထုတ်ရှာဖွေရတာပါပဲ။

ဟိုးအရင်ကတည်းက MyJobs.com.mm နဲ့ ဆက်ဆံရေး ကောင်းရှိပါတယ်။ ကျွန်တော်တို့ အရမ်း ကျေနပ် ပါတယ်။ သူတို့နဲ့အတူ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ဒီပလက်ဖောင်း ကိုသုံးဖို့ လူတွေကို တိုက်တွန်း အားပေးချင်ပါတယ်။ MyJobs.com.mm က လူစုဆောင်းမှု ကမ်းလှမ်းတာ တင်မဟုတ်ဘဲ အလုပ်ရှင်တွေက သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို လူထုကို ပြသဖို့နဲ့ လေ့ကျင့်မှုတွေမှာ သူ့ရဲ့ကမ်းလှမ်းမှု တွေကို ကြော်ငြာဖို့လည်း ဝန်ဆောင်မှုပေးပါတယ်။ SSS ဆိုတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အကယ်ဒမီရှိလို့ ကျွန်တော် တို့လည်း ဒီလို လေ့ကျင့်သင်ကြားမှု ကြော်ငြာတွေ လုပ်ပါတယ်။

 

အမှတ်တရ စကား

 

ကုမ္ပဏီတစ်ခုကို ဝင်တော့မယ်ဆိုရင် ကုမ္ပဏီကို ကြည့်ပါ။ သင့်အနေနဲ့ အလုပ်အကိုင်တစ်ခု ထူထောင် နိုင်မလား။ သူတို့က အရေးအကြီးဆုံးဖြစ်တဲ့ သင့်အလုပ်အကိုင်ကိုတိုးတက်အောင်လုပ်ပေးနိုင်သလား။ သင့်ရဲ့ဘဝနေထိုင်မှု ဟန်ပန်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကိုဟန်ချက်ညီမှုရှိတဲ့၊အလုပ်နဲ့ဘဝဟန်ချက် ညီတဲ့ ပတ်ဝန်းကျင်တစ်ခု သူတို့ကဖန်တီးပေးသလား။ဒါဟာအတိတ်မှာအရေးကြီးခဲ့သလိုလက်ရှိအချိန် မှာလည်း အရေးကြီးပါတယ်။ အနာဂတ်မှာ လည်း အရေးကြီးပါတယ်။ သင်ရွေးချယ်တဲ့ အလုပ်က

အလုပ်နဲ့ ဘဝ ဟန်ချက်ညီမှုရှိတာကို ရှာဖွေပါ။

မြန်မာနိုင်ငံတစ်ဝန်းမှာ လူငယ် ၂,၄၀၀ ကို အလုပ်ခန့်ထားပါတယ်

Allen Gilstrap

CEO

Ongo

 

Ongo ဆိုတာ

 

Ongo က မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီပါ။

 

မြန်မာနိုင်ငံရဲ့ Digital ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အမြင်

 

Ongo က စီးပွားရေးလုပ်ငန်းတွေကြား ဒစ်ဂျစ်တယ် ငွေပေးချေမှုကို တကယ်ပဲ အာရုံစိုက်နေပါတယ်။ ဒါ့အတွက် တစ်နိုင်ငံလုံး တိုးချဲ့မှုလုပ်နေတဲ့ ကုမ္ပဏီဖောက်သည်တွေ အများကြီးရှိပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေနဲ့ စားသုံးသူတွေကြားမှာလည်း ငွေပေးချေမှုအတွက် စမတ်ဖုန်း App တွေ အသုံးပြုမှု တိုးတက် လာတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ Ongo အတွက်သာမဟုတ်ဘဲ ဒစ်ဂျစ်တယ် ငွေပေးချေမှုကဏ္ဍမှ ဝန်ဆောင်မှုပေးနေတဲ့ တခြားလူတွေအတွက်လည်း

တိုးချဲ့မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နှစ်တစ်နှစ် သေချာပေါက် ဖြစ်မယ်လို့ ထင်ပါတယ်။

 

Ongo ရဲ့ ဝန်ထမ်း အဖွဲ့အစည်း အပေါ် ထားရှိသော အမြင်

 

ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက စွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းအများအပြားမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။ Ongo က မြန်မာနိုင်ငံတစ်ဝန်းမှာ လူငယ် ၂,၄၀၀ ကို အလုပ်ခန့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သူတို့ရဲ့ အောင်မြင်မှုနဲ့ လုံးဝယှဉ်တွဲနေပါတယ်။ ကျွန်တော် တို့ ဝန်ထမ်းတွေ သူတို့အလုပ်ကို ပိုကောင်းအောင် လုပ်နိုင်ဖို့ ကူညီဖို့ရာအတွက် စဉ်ဆက်မပြတ်

လေ့ကျင့်သင်ကြား မှုတွေလုပ်ပြီး ဒါကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားပါတယ်။ သူတို့အလုပ်မှာ လိုအပ်တဲ့ ပြောဆိုဆက်ဆံရေး လေ့ကျင့်သင်ကြားမှုတွေလုပ်ဖို့ ကျွန်တော်တို့အဖွဲ့ကို တွန်းအားပေးဖို့၊ အားကျလာအောင်လုပ်ဖို့ အရေးကြီးပါတယ်။Ongo မှာ အလုပ်လုပ်တယ်ဆိုရင် မန်နေဂျာဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့ အေးဂျင့်တစ်ဦးပင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို တိုးတက် အောင်လုပ်ဖို့ ကျွမ်းကျင်မှု (Skill)တွေ တိုးတက်ဖို့ အမြဲတမ်းပဲ အခွင့်အရေး

တွေ ရှိနေပါတယ်။ ကျွန်တော်တို့က လူငယ်ဝန်ထမ်းတွေကို သူတို့ရဲ့ နောက်အလုပ်အကိုင်သုံးခုကို Ongo မှာ ဖြစ်စေချင်ပြီး အလုပ်တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ပြောင်းနေတာမျိုး မဖြစ်စေချင်ပါဘူး။စွန့်စားမှုတွေလုပ်ဖို့ စိတ်အားထက်သန်တာနဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် အကြီးအကဲဆီကို မသွားဘဲ ကိုယ့်တိုင်ဆုံးဖြတ်ချက်ချတာတွေဟာ Ongo ရဲ့ ယဉ်ကျေးမှုမှာ အရေးကြီးတယ် လို့လည်း ထင်ပါတယ်။ကျွန်တော်တို့ ဝန်ထမ်းတွေကို ဘေးကင်းစေချင်ပါတယ်။ကျွန်တော်တို့ ငွေကြေးအမြောက်အမြားကိုင်တွယ်ပြီး နိုင်ငံဒေသအများအပြားကိုလည်း ငွေကြေးတွေ ပို့ဆောင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမဆုံးစိုးရိမ် ပူပန်မှုက ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက် လုပ်ငန်းလည်ပတ်ရေးအစီအစဉ်တွေ စနစ်တကျရှိဖို့နဲ့ လက်တွေ့လုံခြုံရေး

အစီအစဉ်တွေ နေရာတကျရှိဖို့ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတည်ဆောက်ရာမှာ

အားလုံးပါဝင်မှုက အလွန် အရေးပါ တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ၊ ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့မှာ လူနဲ့ ယဉ်ကျေးမှုပေါင်းစုံ ပါဝင်အောင် လုပ်ဆောင်ထားပါ တယ်။ အဲဒီလို ယဉ်ကျေးပူးပေါင်းစုံနဲ့ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ် ရှိနေတယ်ဆိုရင် ပိုပြီး

ခိုင်မာတောင့်တင်း တဲ့ ကုမ္ပဏီတစ်ခု အမှန်တကယ်ထူထောင်နိုင်တယ်လို့ ထင်ပါတယ်။

Ongo ရဲ့ အလုပ်အကိုင်ခေါ်ယူမှု  

 

အလုပ်နေရာအသစ်တွေအတွက် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်ဆိုက်တွေမှာ ကြော်ငြာ ပါ တယ်။ MyJobs.com.mm လိုမျိုး ဦးဆောင်နေတဲ့အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ဝက်ဆိုဒ်တွေ လည်း အသုံးပြုပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအတွက် စုဆောင်းနိုင်တဲ့ အလားအလာ ရှိတာတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဝန်ထမ်းတွေဆီက ရည်ညွှန်းတာတွေ အများကြီးလည်း ရရှိပါတယ်။ ကျွန်တော်တို့က MyJobs.com.mm ဝက်ဘ်ဆိုက်ကြောင့်  အမှန်တကယ်ပဲ အကျိုးကျေးဇူး

များပါတယ်။ MyJobs.com.mm ကကျွန်တော်တို့အတွက်တကယ်ပဲ ထိရောက်ပြီးကျွန်တော်တို့ ခေါ်ယူ

လိုက်တဲ့   ရာထူးနေရာတွေအတွက် အရည်အသွေးမြင့်မားတဲ့ လျှောက်ထားမှုတွေ အမြဲတမ်း ရပြီး ကျွန်တော်တို့ သူတို့ကိုလည်း အားကိုးပါတယ်။ ကျွန်တော်ပြောချင်တာက ဒီအွန်လိုင်းဝန်ဆောင်မှု မရှိဘဲနဲ့ အခု ကျွန်တော်တို့မှာရှိနေတဲ့ ဝန်ထမ်းတွေကို ရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာကို မြန်မြန်ဆန်ဆန် သိခဲ့ရတာပါ။

 

အမှတ်တရစကား      

 

မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ ကုမ္ပဏီထူထောင်ခွင့်ရရှိတာကို လေးစားတန်ဖိုးထားပါတယ်။ ကျွန်တော် တို့ဟာ လူထုနဲ့ သက်ဆိုင်တဲ့ စီးပွားရေးဖြစ်လို့ ကျွန်တော်တို့ ကုမ္ပဏီကို ဝင်ရောက်လာတဲ့ လူငယ်တွေ အတွက် ကျွန်တော် တို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ဝန်ဆောင်မှုပေးတယ်။ အဲဒီ ဝန်ဆောင်မှုက ကျွန်တော်တို့ ခေါ် ယူထားတဲ့ လူတွေနဲ့ နေ့စဉ် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဆီ ဝန်ဆောင်မှုတွေပေးတဲ့ လူတွေရှိမှ အကောင်းဆုံး ဖြစ်မှာပါ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း ပူးပေါင်းပါဝင်နေတဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည် တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။