သက်တမ်း ၃ လကျော်တဲ့ သတင်းဝေမျှမှုကို Facebook သတိပေးမယ်

Facebook ဟာ ရက် ၉၀ ကျော်ကြာမြင့်တဲ့ သတင်းဆောင်းပါးကို မဝေမျှခင် သတိပေးမယ့် လုပ်ဆောင်ချက်ကို ဖြန့်ချိခဲ့ပါတယ်။

သတင်းဟောင်းကို ဝေမျှဖို့ ခလုတ်နှိပ်လိုက်ရင် သတိပေးချက်ကို မြင်တွေ့ရပါမယ်။

သတင်းဆောင်းပါး တစ်ခုရဲ့ အချိန်သတ်မှတ်ချက်မှု မရှိမှုက ဆက်စပ်နောက်ခံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေက ဘာဖတ်မလဲ ဆိုတာ ဆုံးဖြတ်ပြီး ယုံကြည်၊ ဝေမျှပါတယ်။ ထုတ်ဝေသူတွေကလည်း လက်ရှိဖြစ်ရပ်တွေကို မှားယွင်းစွာတည်ဆောက်တဲ့ သတင်းအဟောင်းတွေအပေါ် စိုးရိမ်နေကြပါတယ်။ စာဖတ်သူတွေက သတင်းကို click လုပ်ပြီး သတင်းခေါင်းကြီးကို ဖတ်ပြိး လျစ်လျူရှုကြပါတယ်။ လူတွေ ဝေမျှတာကို မြင်ရတဲ့အခါ လက်ရှိသတင်းတွေအပေါ် ရှုမြင်မှုကို အရောင်ဆိုးပေးနိုင်တယ်။ စာဖတ်သူအများစုက သတင်းခေါင်းကြီးအောက် ရက်စွဲတွေကို ဖတ်လေ့မရှိပါဘူး။ တချို့သတင်းဌာနတွေက နောက်ခံအခြေအနေ ရှင်းလင်းဖို့ သတင်းဟောင်းတွေမှာ ကိုယ်ပိုင် label တွေ ထည့်သွင်းထားတယ်။

Facebook က သတိပေးချက် တံဆိပ်အမျိုးမျိုးကိုလည်း ထည့်သွင်းဖို့ စဉ်းစားနေပါတယ်။ အထူးသဖြင့် COVID-19 နဲ့ဆက်စပ် သတင်းဆောင်းပါးတွေ အတွက် COVID-19 သတင်းအချက်အလက် စင်တာ လင့်ခ်နဲ့ လင့်ခ်ရင်းမြစ် နောက်ခံအခြေအနေကို ထောက်ပံ့ပေးပါမယ်။

မကြာသေးခင်က Twitter ကလည်း မဖတ်ရသေးတဲ့ သတင်းတွေ မဝေမျှခင် သတိပေးမယ့် လုပ်ဆောင်ချက်ကို ဖြန့်ချိလိုက်ပါတယ်။

စိုးထက်
Ref: TheNextWeb