သက်တမ်း ၂၅ နှစ် အထိရှိလာတဲ့ PlayStation ဂိမ်းစက်

အခုဆိုရင် မူလ PlayStation ဂိမ်းစက်ထွက်ရှိလာတဲ့ သက်တမ်း ၂၅ နှစ် ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ ဂျပန်နိုင်ငံအတွင်း PlayStation ဂိမ်းစက် စတင်ဖြန့်ချိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးကို PlayStation ဂိမ်းစက် စတင်ရောင်းချခဲ့ပါတယ်။

ထူးခြားစွာနဲ့ PlayStation ဂိမ်းစက်သမိုင်းကို TheVerge ကဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီပုံတွေဂိမ်းစက်တွေကို eBay ကနေဝယ်ယူခဲ့ပြီး ဂိမ်းစက်အမျိုးမျိုး၊ ဂိမ်းခလုတ်တွေနဲ့ လက်ကိုင် ဂိမ်းစက်တွေအပြင် ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်လာပါတယ်။

အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ PlayStation အမှတ်တံဆိပ်တစ်ခုရဲ့ ဂိမ်းစက်ဒီဇိုင်းတွေကို ပြန်လည်ခြေရာခံခြင်း ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge