သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်သူ ၆ လ သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

သူနာပြုသင်တန်းကျောင်း၊ ရန်ကုန် မှ သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်သူ သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းက ၆ လ သင်တန်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူတွေ၊ အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ် ထက်မကျော်သူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို မတ်လ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) တွေပါဝင်တဲ့ ၃ နာရီမေးခွန်းကို ဖြေဆိုရမှာဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာပုံစံကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဝက်ဘ်ဆိုက် www.hrh.gov.mm နဲ့ www.facebook.com/pg/hrhmohs မှာ ရယူနိုင်မှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း – ၀၆၇၃-၄၁၁၁၄၇၊ ၀၆၇၃-၄၁၁၃၆၅ နဲ့ ၀၆၇၃-၄၁၁၁၄၈/၄၉ လိုင်းခွဲ ၈၀၇၊ ၈၁၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ