ဝီဂါလူမျိုးတွေကို စောင့်ကြည့်မယ့် tool ကို Huawei ဖန်တီးခဲ့

Huawei ဟာ တရုတ်အာဏာပိုင်တွေ အတွက် ဝီဂါလူမျိုးတွေကို ခြေရာခံမယ့် AI ထောက်ပံ့မှု ပါဝင်တဲ့ facial-recognition နည်းပညာကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီနည်းပညာနဲ့ ၂၀၁၈ ခုနှစ်အတွင်းက တရားစွဲဆိုခံရတဲ့ ဝီဂါလူမျိုးအဖွဲ့က လူတစ်ဦးကို ရှာဖွေဖော်ထုတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ Washington Post က ဖော်ပြခဲ့ပါတယ်။

အဲ့အချိန်တုန်းက Huawei ပြောရေးဆိုခွင့်ရှိသူ ဂလန်ရှလော့ကတော့ tool ကိုတော့ စမ်းသပ်ခဲ့ပေမယ့် application အဖြစ် အသုံးမပြုသေးဘူးလို့ ပြောထားပါတယ်။ The Post ကပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှုအသစ် အရ Huawei ဟာ လေ့လာစောင့်ကြည့်ရေး tool တွေတည်ဆောက်ဖို့ လုံခြုံရေးကုမ္ပဏီ ဒါဇင်ပေါင်းများစွာနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ tool တွေကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီ ၄ ခုကိုပဲ ရှာဖွေထားနိုင်ပါတယ်။ အဲဒီ tool တွေက လူမျိုးစုအပေါ် အခြေခံပြီး လူတွေ စောင့်ကြည့်နိုင်ပါတယ်။

“Huawei အနေနဲ့ နည်းပညာကို သုံးပြီး လူမျိုးစုအလိုက် ခွဲခြားဆက်ဆံတာကို ဆန့်ကျင်တယ်” လို့ Huawei ပြောရေးဆိုခွင့်ရှိသူက Business Insider ကိုပြောခဲ့ပါတယ်။

“ကျွန်တော်တို့ကတော့ အထွေထွေကိစ္စ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကို လုပ်ငန်းစံနှုန်းနဲ့အညီ အခြေခံပြီး ထုတ်ကုန်တွေကိုပဲ ထောက်ပံ့ပါတယ်။ ကျွန်တော်တို့က လူမျိုးစုအလိုက် လူတွေခြေရာခံတဲ့ စနစ်တွေ ဖန်တီး ရောင်းချတာ မလုပ်ပါဘူး။ ကျွန်တော်က အသိုက်အဝန်းကို ဖိနှိပ်တာ ဒါမှမဟုတ် ခွဲခြားဆန့်ကျင်ဖို့ နည်းပညာအသုံးပြုတာကိုလည်း လျစ်လျူမရှုထားဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

“ကျွန်တော်တို့က Wahsington Post ဆောင်းပါး စွပ်စွဲချက်တွေကို အလေးအနက်ထားပြီး ကုမ္ပဏီပြဿနာတွေ စစ်ဆေးသွားပါမယ်” လို့လည်း ပြောပါတယ်။

စိုးထက်

Ref: BusinessInsider