ဝိုင်ဆီးလီ အမျိူးသမီးဦးဆောင်မှုအကယ်ဒမီအတွက် လျှောက်လွှာခေါ်ယူ

ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ဦးဆောင်ဦးရွက်ပြုနေကြတဲ့ အမျိုးသမီးတွေအတွက် ၂၀၂၁ ခုနှစ် ဝိုင်ဆီးလီ အမျိူးသမီးဦးဆောင်မှုအကယ်ဒမီ (2021 YSEALI Women Leadership Academy) မှ လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။

အဆိုပါ အစီအစဥ်ဟာ Wedu နဲ့ပူးပေါင်းညှိနှိုင်းပြီး ဖော်ဆောင်နေတဲ့ အာဆီယံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ပြုလုပ်တာဖြစ်ပြီး အရှေ့တောင်အာရှအတွင်းက ဦးဆောင်ဦးရွက်ပြုနေကြသူ အခြားသော အမျိုးသမီးတွေနဲ့အတူ ကောင်းမွန်တဲ့ အပြောင်းအလဲတွေဆီကိုမောင်းနှင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ရက်တွေကို ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။ လျှောက်ထားသူတွေ အနေနဲ့ YSEALI အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ပြီး အသက် ၂၀ မှ ၃၀ အတွင်းရှိသူ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပြီး Public Health Sector မှာ ၁ နှစ်ကနေ ၃ နှစ် အတွင်း လုပ်ငန်းအတွေ့အကြုံရှိသူ၊ အင်္ဂလိပ်စာကို ကောင်းမွန်စွာပြောနိုင်သူ ရေးသားနိုင်သူတွေ ဖြစ်ရပါမယ်။

လျှောက်လွှာတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မတိုင်မီ လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို bit.ly/apply2021ysealiwla မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««