ဝိုင်ဆီးလီဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလျှောက်လွှာပိတ်ရက် တိုးမြှင့်

ပြည်သူပြည်သားသတင်းသမားလူငယ် (စီဂျေ) တွေအတွက် ဝိုင်ဆီးလီဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလျှောက်လွှာပိတ်ရက် ကို ဇန်နဝါရီ ၂၂ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

လျှောက်လွှာတွေကို ဇန်နဝါရီ ၂၂ ရက်၊ ည ၉း၀၀ နာရီ အထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သတင်းထောက်လုပ်လိုသူတွေ၊ လူထုဆက်သွယ်ရေးအလုပ် လုပ်လိုသူတွေ၊ ပြည်သူပြည်သားသတင်းသမားအလုပ် လုပ်လိုသူတွေ၊ ဘလော့ဂါ လုပ်လိုသူတွေအတွက် ပြုလုပ်တာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ အင်္ဂလိပ်စာ အသင့်အတင့် ပြောနိုင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်မှ ၃၅ နှစ် အတွင်း ရှိသူတွေ၊ သတင်းထောက်နယ်ပယ်၊ လူမှုဆက်ဆံရေးနယ်ပယ်၊ ဘလော့ဂါ အလုပ်တွေအတွက် ဗဟုသုတ၊ အတွေ့အကြုံရှိသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူတွေဟာ ဝိုင်ဆီးလီအဖွဲ့ဝင် မဟုတ်သေးပါက https://asean.usmission.gov/yseali/ မှာ လျှောက်ထားနိုင်ပြီး အလုပ်ရုံဆွေးနွေးပွဲ အကြောင်း အသေးစိတ်ကို https://bit.ly/2Cv2LDj မှာဝင်ရောက်ကြည်ရှုနိုင်ပါတယ်။

-သန္တာ