ဝန်ဆောင်မှုအသစ်များကို MyTel မိတ်ဆက်

မိုဘိုင်းဖုန်းဘီလ်နဲ့ ဒေတာဖြတ်တောက်မှုတွေ၊ အခြားရယူထားခြင်း မရှိတဲ့ အပိုဝန်ဆောင်မှုတွေရဲ့ ဘီလ်ကုန်ဆုံးရတာတွေကိုဖြေရှင်းနိုင်ဖို့အတွက် Charg History, Data Barrien Adaptive Video နဲ့ No Hidden VAS ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ကြောင်းသိရပါတယ်။

Charg History ဝန်ဆောင်မှုမှာ ဖုန်းခေါ်ဆိုမှုတစ်ခုပြီးတိုင်း ငွေကောက်ခံမှု အသေးစိတ် အချက်အလက်တွေကို သုံးစွဲသူဆီ အမြဲပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ Data Barrien Adaptive Video ဝန်ဆောင်မှာ ဝယ်ယူထားတဲ့ ဒေတာ Package ကုန်သွားတဲ့အခါ လက်ကျန်ငွေက အပိုငွေကောက်ခံတာကို တားဆီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် VAS ဝန်ဆောင်မှုတွေအတွက်လည်း အလိုအလျောက် စာရင်းပေးသွင်းတာ၊ အသုံးပြုသူ မသိလိုက်ဘဲ ဘီလ်ဖြတ်တောက်တာတွေကို မဖြစ်စေရအောင် နှစ်ဆင့်ခံ လုံခြုံရေးစနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

“နောက်ဆုံးပေါ် ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ခေတ်မီတဲ့ ဝန်ဆောင်မှုအသစ်တွေက အသုံးပြုသူတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်မှာလည်း ဖြစ်ပါ တယ်” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။

Charg History ဝန်ဆောင်မှု အသုံးပြုလိုပါက 966 ကို BDATA ဟု စာတိုပေးပို့နိုင်သလို Data Barrien Adaptive Video ဝန်ဆောင်မှုအတွက် 966 ကို ADATA ဟု စာတိုပေးပို့ကာ ဝန်ဆောင်မှုရယူနိုင်မှာ ဖြစ်ပါတယ်။