ဝင္ဘယ္ဒန္ကစားသမားေတြထက္ ဆုေၾကးပုိမိုရရွိခဲ့တဲ့ Dota 2 ခ်န္ပီယံ

[ Zawgyi ]

OG အသင္းဟာ Valve ကျပဳလုပ္တဲ့ The International Dota 2 ၿပိဳင္ပြဲကို အႏိုင္ရရွိခဲ့ၿပီး စုစုေပါင္းဆုေၾကး ၃၄,၂၉၂,၅၉၉ ကေန ေဒၚလာ စံခ်ိန္တင္ ၁၅,၆၀၃,၁၃၃ ရရွိသြားပါတယ္။

အခုဆုေၾကးဟာ esports သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးဆုေၾကး မဟုတ္ေပမယ့္ အသင္းအဖြဲ႕ဝင္ ၅ ဦးက ေငြေၾကးမ်ားစြာ အခ်ိဳးက်ရရွိလာႏိုင္မွာ ျဖစ္ပါတယ္။ Esports အႀကံေပး ေရာ႔ဘရီဆလူက ေဒၚလာ ၁၅.၆ သန္း ဆုေၾကးအတြက္ OG ကစားသမားတစ္ဦးစီ ၃.၁ သန္းရရွိမယ္လို႔ ေထာက္ျပခဲ့ပါတယ္။ ၂၀၁၉ Masters ၿပိဳင္ပြဲမွာ တိုက္ဂါးဝုဒ္က ေဒၚလာ ၂.၀၇ သန္းသာ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ဝင္ဘယ္ဒန္တစ္ဦးခ်င္း တင္းနစ္ၿပိဳင္ပြဲခ်န္ပီယံ ႏိုဗတ္ဂ်ိဳကုိဗစ္နဲ႔ ဆီမိုနာဟာလပ္တို႔လည္း တစ္ေယာက္ခ်င္းစီ ေဒၚလာ ၂.၉ သန္းပဲ ရရွိခဲ့ပါတယ္။ ေဂါ့ဖ္နဲ႔ တင္းနစ္ခ်န္ပီယံေတြက ပုိမို ေက်ာ္ၾကားေပမယ့္ ထိပ္တန္း esports ကစားသမားျဖစ္ရင္ အက်ိဳးအျမတ္မ်ားမယ္ဆိုတဲ့ အေတြးအေပၚ သံသယရွိေနၾကပါတယ္။

ဗိုလ္လုပြဲမွာ ႐ႈံးနိမ့္သြားတဲ့ Team Liquid ကလည္း ေဒၚလာ ၄,၄၅၈,၀၃၈ ရရွိခဲ့ပါတယ္။ အဲဒီဆုေၾကးေငြေၾကာင့္ အသင္းသားတစ္ဦးစီ ေဒၚလာ ၈၉၂,၀၀၀ ရရွိမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

OG အသင်းဟာ Valve ကပြုလုပ်တဲ့ The International Dota 2 ပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး စုစုပေါင်းဆုကြေး ၃၄,၂၉၂,၅၉၉ ကနေ ဒေါ်လာ စံချိန်တင် ၁၅,၆၀၃,၁၃၃ ရရှိသွားပါတယ်။

အခုဆုကြေးဟာ esports သမိုင်းတစ်လျှောက် အမြင့်ဆုံးဆုကြေး မဟုတ်ပေမယ့် အသင်းအဖွဲ့ဝင် ၅ ဦးက ငွေကြေးများစွာ အချိုးကျရရှိလာနိုင်မှာ ဖြစ်ပါတယ်။ Esports အကြံပေး ရော့ဘရီဆလူက ဒေါ်လာ ၁၅.၆ သန်း ဆုကြေးအတွက် OG ကစားသမားတစ်ဦးစီ ၃.၁ သန်းရရှိမယ်လို့ ထောက်ပြခဲ့ပါတယ်။ ၂၀၁၉ Masters ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်က ဒေါ်လာ ၂.၀၇ သန်းသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဝင်ဘယ်ဒန်တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲချန်ပီယံ နိုဗတ်ဂျိုကိုဗစ်နဲ့ ဆီမိုနာဟာလပ်တို့လည်း တစ်ယောက်ချင်းစီ ဒေါ်လာ ၂.၉ သန်းပဲ ရရှိခဲ့ပါတယ်။ ဂေါ့ဖ်နဲ့ တင်းနစ်ချန်ပီယံတွေက ပိုမို ကျော်ကြားပေမယ့် ထိပ်တန်း esports ကစားသမားဖြစ်ရင် အကျိုးအမြတ်များမယ်ဆိုတဲ့ အတွေးအပေါ် သံသယရှိနေကြပါတယ်။

ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားတဲ့ Team Liquid ကလည်း ဒေါ်လာ ၄,၄၅၈,၀၃၈ ရရှိခဲ့ပါတယ်။ အဲဒီဆုကြေးငွေကြောင့် အသင်းသားတစ်ဦးစီ ဒေါ်လာ ၈၉၂,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

Ref: Engadget