ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း app တွေအတွက် AR feature သစ်တွေကို Google ပြသ

Google အနေနဲ့ ပြီးခဲ့တဲ့နှစ် အစောပိုင်းက တရားဝင်မိတ်ဆက်ခဲ့တဲ့ ARCore အမည် augmented relity platform ကိုအဆင့်မြှင့်တင်လိုက်ပါတယ်။ Google အနေနဲ့ အနာဂတ်မှာ ပိုမိုသဘာဝကျတဲ့ AR အတွေ့အကြုံပေးနို်ငဖို့ depth detection နဲ့ physics အတွက် မျိုးဆက်သစ် အဆင့်မြှင့်တင်မှုတချို့ ထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Google ကပြောခဲ့ပါတယ်။

ARCore ရဲ့ Depth API အသစ် အဆင့်မြှင့်တင်မှုကြောင့် developer အနေနဲ့ မြင်ကွင်းတစ်ခုထဲက အခြားအရာဝတ္ထုတွေရဲ့ မြင်ကွင်းကို တားဆီးနိုင်မယ့် occlusion လို့သိကြတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလာနိုင်ပါမယ်။ ဒါ့အပြင် ပြင်ပကမ္ဘာက ဧည့်ခန်းမှာ virtual ကြောင်တစ်ကောင်ကို ထည့်သွင်းတာအပြင် ကင်မရာရှုထောင့်ကနေ ခုတင် ဒါမှမဟုတ် စားပွဲ ဒါမှမဟုတ် အခြားအရာဝတ္ထုကိုလည်း ပျောက်သွားအောင် ပြုလုပ်နို်ငတဲ့ feature ပါဝင်လာပါတယ်။

ARCore ထောက်ပံ့ထားတဲ့ feature တွေက ပြင်ပကမ္ဘာနဲ့ ပိုမို လိုက်လျောညီထွေရှိပြီး ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို နားလည်ပြီး အကွာအဝေးကိုလည်း သိနိုင်ပါတယ်။ Google အနေနဲ့ ရှိပြီးသား software နဲ့ချိန်ညှိထားတာကြောင့် ဖုန်းမှာ ပရိုဆက်ဆာ ဒါမှမဟုတ် သီးခြား sensor မလိုအပ်တော့ပါဘူး။

ထုတ်ကုန်အပေါ်မှာပဲ အမှီပြုထားတာကြောင့် cloud မလိုတော့ပါဘူး။ သုံးစွဲသူက ARCore ထောက်ပံ့ထားတဲ့ ဖုန်းကို အသုံးပြုမယ်ဆိုရင် အခုမိတ်ဆက်လိုက်တဲ့ feature သစ်တွေကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge