လှုပ်ရှားနေတဲ့ Live Wallpapers ကို iPhone မှာ ဘယ်လိုတင်မလဲ

iPhone သုံးသူတွေအနေနဲ့ ဖုန်းရဲ့ Home screen နဲ့ Lock screen တွေမှာ လှုပ်ရှားနေတဲ့ Live Wallpapers တွေ တင်တဲ့နည်းကို ဖော်ပြပေးလိုက်ပါတယ်။ မိမိရဲ့ iPhone မှာ Live Wallpapers အလန်းတွေ တင်ချင်သူတွေအတွက် ဒီနည်းအတိုင်း တင်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Settings ထဲကို သွားလိုက်ပါ။ Settings ထဲကိုရောက်ရင်တော့ Wallpaper စနစ်ထဲကို ဝင်ဖို့ တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Choose a New Wallpaper ဆိုတဲ့ စာသားကို တစ်ချက်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Wallpapar စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး Live ဆိုတဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Live Wallpapers တွေထဲက မိမိနှစ်သက်တဲ့တစ်ခုကို ရွေးချယ်ပြီး မြင်ကွင်းညာဘက်ထောင့်နားက Set ဆိုတာကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Set Lock Screen သီးသန့်လား၊ Set Home Screen သီးသန့်လားနဲ့ Set Both ဆိုတဲ့ Lock Screen နဲ့ Home Screen နှစ်ခုစလုံးမှာ မိမိရွေးလိုက်တဲ့ Live Wallpaper ကို သုံးမလားဆိုပြီး မေးပါလိမ့်မယ်။ မိမိအနေနဲ့ အသုံးပြုချင်တဲ့ပုံစံတစ်ခုကို ရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းမှာ Live Wallpaper တစ်ခုတင်တာ ပြီးဆုံးပြီပဲဖြစ်ပါတယ်။