လ်င္ျမန္ၿပီး ေစ်းသက္သာတဲ့ 4TB SSD ကို Samsung အလံုးအရင္း စတင္ထုတ္လုပ္

[ Zawgyi ]

Samsung ဟာ laptop နဲ႔ အျခားထုတ္ကုန္ေတြမွာ သိုေလွာင္သိမ္းဆည္းမႈေတြကို ပိုမိုတိုးတက္ေကာင္းမြန္ေစဖို႔အတြက္ 4TB SSD ေတြကို အလံုးအရင္းနဲ႔ ထုတ္လုပ္ေနၿပီလို႔ ေၾကညာခဲ့ပါတယ္။

အခု ထုတ္လုပ္ေနတဲ့ SSD ေတြရဲ႕ တရားဝင္ေစ်းႏႈန္းကိုေတာ့ Samsung က မေၾကညာခဲ့ပါဘူး။ လက္ရိွမွာေတာ့ 4TB 860 Evo ကို ေဒၚလာ ၁,၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်ေနပါတယ္။ 4TB mechanical drive ကိုေတာ့ ေဒၚလာ ၁၀၀ နဲ႔ ရႏိုင္ပါတယ္။

Samsung ရဲ႕ SSD သစ္ေတြမွာ 4-bit quad-level cell (QLC) နည္းပညာကို ပထမဆံုး အသံုးျပဳထားပါတယ္။ 4TB ဗားရွင္းမွာ စုစုေပါင္း 128GB ခ်စ္ပ္ ၃၂ ခု သံုးထားပါတယ္။ Read speed က 540MB/s ျဖစ္ၿပီး write speed က 520MB/s ျဖစ္ပါတယ္။ ဒါဟာ 850 Evo driver ေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ တူညီပါတယ္။

Samsung ဟာ 1TB, 2TB နဲ႔ 4TB SSD ေတြကို ၂၀၁၈ ႏွစ္ကုန္မွာ laptop အတြက္ ၂.၅ လက္မ အရြယ္အစားနဲ႔ မိတ္ဆက္သြားဖို႔ စီစဥ္ေနပါတယ္။ လုပ္ငန္းသံုးအတြက္ M.2 NVMe SSD ေတြကို ဒီႏွစ္အတြင္း ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အဆိုပါ နည္းပညာကို စမတ္ဖုန္းေတြအတြက္ 128GB memory card ေတြထုတ္လုပ္ရာမွာလည္း အသံုးျပဳဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Ref: CNET

[ Unicode ]

Samsung ဟာ laptop နဲ့ အခြားထုတ်ကုန်တွေမှာ သိုလှောင်သိမ်းဆည်းမှုတွေကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့အတွက် 4TB SSD တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေပြီလို့ ကြေညာခဲ့ပါတယ်။

အခု ထုတ်လုပ်နေတဲ့ SSD တွေရဲ့ တရားဝင်စျေးနှုန်းကိုတော့ Samsung က မကြေညာခဲ့ပါဘူး။ လက်ရှိမှာတော့ 4TB 860 Evo ကို ဒေါ်လာ ၁,၀၀၀ ကျော်နဲ့ ရောင်းချနေပါတယ်။ 4TB mechanical drive ကိုတော့ ဒေါ်လာ ၁၀၀ နဲ့ ရနိုင်ပါတယ်။

Samsung ရဲ့ SSD သစ်တွေမှာ 4-bit quad-level cell (QLC) နည်းပညာကို ပထမဆုံး အသုံးပြုထားပါတယ်။ 4TB ဗားရှင်းမှာ စုစုပေါင်း 128GB ချစ်ပ် ၃၂ ခု သုံးထားပါတယ်။ Read speed က 540MB/s ဖြစ်ပြီး write speed က 520MB/s ဖြစ်ပါတယ်။ ဒါဟာ 850 Evo driver တွေရဲ့ စွမ်းဆောင်ရည်နဲ့ တူညီပါတယ်။

Samsung ဟာ 1TB, 2TB နဲ့ 4TB SSD တွေကို ၂၀၁၈ နှစ်ကုန်မှာ laptop အတွက် ၂.၅ လက်မ အရွယ်အစားနဲ့ မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။ လုပ်ငန်းသုံးအတွက် M.2 NVMe SSD တွေကို ဒီနှစ်အတွင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ နည်းပညာကို စမတ်ဖုန်းတွေအတွက် 128GB memory card တွေထုတ်လုပ်ရာမှာလည်း အသုံးပြုဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNET