လေးကြိမ်မြောက် Cyber SEA Game တွင် မြန်မာအသင်း အဆင့်ငါးရရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ နိုဝင်ဘာ ၂၁ ရက်က ကျင်း ပပြုလုပ်တဲ့ Cyber SEA Game ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အသင်းက အဆင့် ၅ ရရှိခဲ့ တယ်လို့ မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ mm-CERT ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာမှာ ဖော်ပြထားတဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပထမဆုကို အိမ်ရှင်နိုင်ငံဖြစ် တဲ့ ထိုင်းနိုင်ငံအသင်းမှ ရမှတ် (၃၁၀၀)မှတ်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို ဗီယက်နမ်နိုင်ငံ အ သင်းမှ ရမှတ်(၃၀၂၀)မှတ်ဖြင့် လည်းကောင်း၊ တတိယဆုကို အင်ဒိုနီးရှားနိုင်ငံအသင်းမှ ရမှတ် (၂၇၇၀)မှတ်ဖြင့် လည်းကောင်းအ သီးသီးဆုရရှိခဲ့ကြပြီး မြန်မာနိုင် ငံအသင်းမှ ရမှတ် (၂၁၇၀) မှတ် ဖြင့် ပဉ္စမရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါ တယ်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်)ပြိုင်ပွဲ မှာ ဆုရရှိခဲ့သူတွေဖြစ်တဲ့ မောင်စိုင်း ဖုန်းဆိုင်ကျောက်၊မောင်အောင် ခန့်မင်း၊ မောင်သူရ မိုးမြင့်နှင့် မောင်ဟိန်းသန့်ဇင်တို့က ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ၈ နာရီကြာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအ နေနဲ့ သတ်မှတ်ထားတဲ့ အချိန် အတွင်းမှာ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော Binary Exploitation , Web Security, Reverse Engineering, Cryptography နဲ့ Forensics ကဏ္ဍတွေကို ဖြေဆိုခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာအသင်း အနေနဲ့ ယခင်နှစ် Cyber SEA Game ပြိုင်ပွဲမှာ အဆင့်(၆)ရရှိခဲ့တာဖြစ်ပြီး 2019 Cyber SEA Game မှာတော့ အဆင့်ငါး ရရှိခဲ့တာဖြစ်ပါတယ်။