လေဆိပ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်း အတွက် သင်တန်းသားခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လေဆိပ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အသက်ကန့်သတ်အချက် အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ အသက် (၃၅) နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အသက် (၄၀)နှစ်ထက် မကြီးသူတွေဖြစ်ရပါမယ်။

လျှောက်ထားလိုသူတွေဟာ B.E (Aerospace/ Aeronautical), B.E (Mechanical/ Electronics/ Electrical Power/IT), B.B.A,/B.B.A (Hons;), B.Com/B.Com(Hons;) အစရှိတဲ့ ဘွဲ့တစ်ခုခုကို ရရှိထားရမှာဖြစ်ပြီး အဆိုပါ ဘွဲ့ရရှိထားခြင်း မရှိပေမယ့် လေဆိပ်မှာ အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ခဲ့သူတွေကတော့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံတွေကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် မှစတင်ကာ ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၂၃ ရက် နောက်ဆုံးထားကာ လျှောက်ထားရပါမယ်။ ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှာ အင်္ဂလိပ်စာကိုလည်းကောင်း၊ ၂၇ ၇က်မှာ သက်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ် (မဟာအင်ဂျင်နီယာသင်တန်း)၊ လေဆိပ်/စီမံခန့်ခွဲမှုဆိုင်ရာဗဟုသုတ (လေဆိပ်စီမံခန့်ခွဲမှု သင်တန်း) ကိုလည်းကောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့မှာ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပသွားမှာပါ။

အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့ ဖုန်း – ၀၉၇၉၅၈၃၅၅၇၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ